top of page

ဂါဇာစစ်ပွဲအဆုံးသတ်သွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပြော

  • Writer: BVJ
    BVJ
  • Oct 13
  • 1 min read

အေတီ/BVJ_ အောက်တိုဘာ ၁၃၊ ၂၀၂၅

ree

ဟားမက်စ်နဲ့အစ္စရေးတို့ကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်အရ ဂါဇာကဓားစာခံတွေလွှတ်ပေးဖို့ကိစ္စအတွက် အစ္စရေးကိုလေယာဥ်နဲ့သွားနေတဲ့အမေရိကန်သမ္မဒေါ်နယ်ထရမ့်က 'ဂါဇာစစ်ပွဲ ပြီးဆုံးသွားပြီ' လို့ပြောပါတယ်။


အပစ်အခတ်ရပ်စဲရေးရေရှည်တည်မြဲရေးအတွက် လုပ်ဆောင်ရင်း တဖက်မှာလဲ ဂါဇာကမ်းမြောင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် အမြန်ဆုံးအကောင်ထည်ဖော်ရမယ်လို့Air Force One လေယာဥ်ပေါ်ကနေ ပြောတာဖြစ်ပါတယ်။အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ စေ့စပ်ညှိနှိုင်းပေးတဲ့ထဲမှာပါတဲ့ ကာတာအစိုးရရဲ့အခန်းကဏ္ဍကိုလည်း ဒေါ်နယ်ထရမ့်ကချီးကျူးခဲ့ပါတယ်။


ဂါဇာကမ်းမြောင်ဒေသထဲမှာဖမ်းထားတဲ့ ဓားစာခံတွေအားလုံးကို ဒီနေ့ဒေသစံတော်ချိန် နေ့လယ်ပိုင်း နောက်ဆုံးထားပြီး ဟားမက်စ်အဖွဲ့ကပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။ ပြီးတော့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ တနင်္လာနေ့နှောင်းပိုင်းမှာ ဂါဇာစစ်ပွဲအဆုံးသတ်ရေးရည်ရွယ်ပြုလုပ်မယ့် နိုင်ငံတကာထိပ်သီးအစည်းအဝေးတစ်ခုကို အီဂျစ်မှာသွားတက်ဖို့ရှိပါတယ်။


၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ရက်နေ့က ဟားမတ်စ်အဖွဲ့ဦးဆောင်ပြီး အစ္စရေးနိုင်ငံအတွင်းဝင်ရောက်တိုက်ခိုက်မှုကြောင့် လူတစ်ထောင့်နှစ်ရာကျော်သေဆုံးပြီး လူ၂၅၂ဦး ဓားစာခံအဖြစ်ဖမ်းဆီးခံရတဲ့ကိစ္စဟာ ဂါဇာစစ်ပွဲစတင်ဖြစ်ပွားခဲ့ရတဲ့အကြောင်းရင်းဖြစ်ပါတယ်။


အဲ့ဒီတိုက်ခိုက်ခံရမှုကို အစ္စရေးကလက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာထဲဝင်ရောက်သိမ်းပိုက်တိုက်ခိုက်မှုကနေ ကလေးငယ် တစ်သောင်းရှစ်ထောင်ကျော်အပါဝင် ပါလက်စတိုင်း ၆၇၀၀၀ကျော်သေဆုံးခဲ့တယ်လို့ ဟားမက်စ်အဖွဲ့ ကျန်းမာရေးဝန်ကြီးကပြောပါတယ်။


အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အဆိုပြုတဲ့ ငြိမ်းချမ်းရေးအစီအစဥ် အချက်၂၀အပေါ်မူတည်ပြီး အစ္စရေးနဲ့ဟားမက်စ်တို့အကြား သောကြာနေ့ကအပစ်အခတ်ရပ်စဲရေး ပထမအဆင့်သဘောတူခဲ့ကြပါတယ်။ အဲ့ဒီကနေ အပစ်အခတ်ရပ်စဲရေးနောက်အဆင့်တွေဆက်သွားဖို့အတွက်ကတော့ ညှိနှိုင်းစရာတွေအများကြီးကျန်နေပါသေးတယ်။


အသက်ရှင်နေဆဲပဲလို့ယူဆရတဲ့ အစ္စရေးဓားစာခံ အယောက်၂၀နဲ့အတူ သေဆုံးသွားတဲ့ဓားစာခံ ၂၈ ဦးရဲ့ ရုပ်ကြွင်းတွေကို ဟားမက်စ်အဖွဲ့ကလွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ အလားတူ အစ္စရေးဘက်ကလည်း ထောင်ချထားတဲ့ ပါလက်စတိုင်းအကျဥ်းသား ၂၅၀ခန့်နဲ့အတူ ဂါဇာကနေဖမ်းခေါ်လာတဲ့အကျဥ်းသား ၁၇၀၀ ပြန်လွှတ်ပေးရမှာဖြစ်သလို ဂါဇာကမ်းမြောင်ဒေသထဲကို နိုင်ငံတကာအကူအညီတွေ ဝင်ရောက်ဖို့လဲပိုမိုခွင့်ပြုရမှာဖြစ်ပါတယ်။

ree

အစ္စရေးနဲ့ဟားမက်စ်အကြား အပစ်အခတ်ရပ်စဲရေးလက်တွေ့ဖြစ်လာအောင်လုပ်ဆောင်ပေးနိုင်တာကိုဂုဏ်ယူနေတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူဟာ “စစ်ပွဲတွေရပ်အောင်လုပ်နိုင်တဲ့သူ၊ ငြိမ်းချမ်းရေးကို ဆောင်ကျဥ်းပေးနိုင်တဲ့သူ” လို့ ကြွေးကြော်နေပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကလည်း ထောင်ပေါင်းများစွာသောအစ္စရေးတွေ တယ်လ်အဗစ်မြို့မှာစုရုံးခဲ့ကြပြီး အမေရိကန်သမ္မတကို ကျေးဇူးတင်ကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။


ငြိမ်းချမ်းရေးအစီအစဥ်ရဲ့နောက်ပိုင်းအဆင့်တွေအတွက် အသေးစိတ်အချက်အလက်တွေသဘောတူညှိနှိုင်းရဖို့အခက်အခဲတွေရှိလာနိုင်ပြီး ဂါဇာကမ်းမြောင်ဒေသအုပ်ချုပ်ရေး၊အစ္စရေးတပ်တွေဆုတ်ခွာဖို့နဲ့ဟားမက်စ်တပ်ဖွဲ့ လက်နက်ဖြုတ်သိမ်းရေးကိစ္စတွေမှာသဘောတူညီချက်တွေရရှိဖို့ ကြိုးစားရဦးမှာဖြစ်ပါတယ်။

ဒီနေ့တနင်္လာနေ့မှာ အစ္စရေးနိုင်ငံကိုရောက်ရှိလာမယ့် အမေရိကန်သမ္မ တဒေါ်နယ်ထရမ့်ဟာအစ္စရေးပါလီမန်မှာမိန့်ခွန်းပြောဖို့ရှိပါတယ်။ အဲ့ဒီကပြီးရင် အီဂျစ်သမ္မတ Abdel Fattah al-Sisiနဲ့အတူ Sharm el-Sheikhမြို့က ထိပ်သီးဆွေးနွေးပွဲမှာဦးဆောင်ဖို့ အီဂျစ်ကိုသွားမှာဖြစ်ပါတယ်။


အဲ့ဒီထိပ်သီးဆွေးနွေးပွဲမှာ ဂါဇာကမ်းမြှောင်ဒေသ စစ်ပွဲအဆုံးသတ်ရေး စာချုပ်လက်မှတ်ရေးထိုးနိုင်လိမ့်မယ်မျှော်လင့်ကြောင်း အီဂျစ်နိုင်ငံခြားရေး ဝန်ကြီးဌာနကပြောပါတယ်။ ယူကေဝန်ကြီးချုပ် ကီယာစတမ်မာနဲ့ပါလက်စတိုင်း သမ္မတ မာမွတ်အာဘာ့စ်တို့အပါအဝင် နိုင်ငံပေါ င်း၂၀ကျော်က ခေါင်းဆောင်တွေ အထက်ပါထိပ်သီးဆွေးနွေးပွဲ တက်ရောက်ကြမယ်လို့ မျှော်လင့်ရပါတယ်။


ခရက်ဒစ်:BBC


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page