အာဆီယံထိပ်သီးအစည်းအဝေးတက်မယ်လို့ ဒေါ်နယ်ထရမ့်အတည်ပြု
- BVJ

- Oct 22
- 1 min read
အေတီ/BVJ_ အောက်တိုဘာ ၂၂၊ ၂၀၂၅

လာမယ့်ရက်ပိုင်းအတွင်း မလေးရှား၊ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေကို ခရီးထွက်ဖို့အစီအစဥ်ရှိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အတည်ပြုပါတယ်။ သြစတြေးလျဝန်ကြီးချုပ် Anthony Albaneseနဲ့ အိမ်ဖြူတော်မှာမနေ့က တွေ့ဆုံအပြီးမှာ ဒေါ်နယ်ထရမ့်ကအတည်ပြုခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ၂၆ရက်နေ့ကနေ ၂၈ရက်နေ့အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာကျင်းပမယ့် အာဆီယံအစည်းအဝေးကိုတက်မယ်လို့ သမ္မတထရမ့်အနေနဲ့ ပထမဆုံးအကြိမ်ကိုယ်တိုင်အတည်ပြုခဲ့တာဖြစ်ပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ သီးသန့်အစီအစဥ်တစ်ခုအဖြစ်ပါဝင်မယ့် ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံတို့ကြား ငြိမ်းချမ်းရေးသဘောတူညီမှုလက်မှတ်ထိုးပွဲမှာ ကြီးကြပ်သူအဖြစ်အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တက်ရောက်မှာဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာစန်ကအတည်ပြုထားပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးအပြီးမှာ ဂျပန်နိုင်ငံကို ဒေါ်နယ်ထရမ့်ဆက်သွားဖို့ရှိပြီးအောက်တိုဘာ၂၇ရက်ကနေ သုံးရက်ကြာ ဂျပန်နိုင်ငံမှာရှိနေမှာဖြစ်တယ်လို့ ဂျပန်အစိုးရသတင်းအရင်းမြစ်တွေကပြောပါတယ်။
အောက်တိုဘာ၂၆ရက်နေ့ကနေ ၂၈ရက်နေ့အထိကျင်းပမယ့် လေးရှားနိုင်ငံကအလှည့်ကျဥက္ကဌအဖြစ်ဆောင်ရွက်မယ့်အာဆီယံထိပ်သီးဆွေးပွဲကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဘရာဇီးသမ္မတလူလာဒါဆေးလ်ဗားနဲ့ တောင်အာဖရိသမ္မ ရာမာဖိုဇာတို့လည်း ဧည့်သည်တွေအနေနဲ့ တက်ရောက်ကြဖို့ရှိပါတယ်။
ဂျပန်ခရီးစဥ်ပြီးရင်တောင်ကိုရီးယားကို ဒေါ်နယ်ထရမ့်ဆက်သွားပြီး အောက်တိုဘာ၃၁ရက်ကနေ နိုဝင်ဘာ၁ရက်နေ့အထိကျင်းပမယ့် အာရှပိစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အေပက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ်လို့ သိရပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အခုလာမယ့် အာရှခရီးစဥ်ဟာ ဇန်နဝါရီလကစတင်တာဝန်ယူတဲ့ ဒုတိယမြောက်သမ္မတသက်တမ်းမှာ ပထဆုံးအာရှခရီးစဥ်ဖြစ်ပါတယ်။







Comments