top of page

ဥမင်လှိုင်ခေါင်းထဲ ၉ ရက်ကြာပိတ်မိနေတဲ့အလုပ်သမားနှစ်ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့

Writer: BVJ
BVJ
Sep 7
1 min read

သူရ/BVJ_စက်တင်ဘာ ၅၊ ၂၀၂၆

နီပေါနိုင်ငံမှာသေဆုံးသူများပြားခဲ့တဲ့ ရေကြီးမြေပြိုမှုတွေကြောင့် ရေအားလျှပ်စစ်ဥမင်လှိုင်ခေါင်းတစ်ခုထဲမှာ (၉) ရက်တိုင်တိုင်ပိတ်မိနေခဲ့တဲ့ အလုပ်သမားနှစ်ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပါတယ်။

နီပေါနိုင်ငံ၊ ထရီရှူလီ ၃အေ (Trishuli 3A) ရေအားလျှပ်စစ် ဥမင်လှိုင်ခေါင်းထဲမှာ မီတာ ၁၇၀ (ပေ ၅၅၈)အနက်မှာပိတ်မိနေခဲ့တဲ့လူနှစ်ဦးကို တာဝန်ရှိသူတွေက အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။


Trishuli 3A ရေအားလျှပ်စစ်စီမံကိန်းနေရာကနေ Sanjaya Shah နဲ့ Kabir Maharjanတို့နှစ်ဦးကို အသက်ရှင်လျက်ဆွဲထုတ်နိုင်ခဲ့တဲ့ အံ့မခန်းစရာ ရုပ်သံမှတ်တမ်းကိုလည်း အဲဒီအချိန်တုန်းကတွေ့မြင်ခဲ့ရပါတယ်။

အဲဒီနေရာမှာပဲ တတိယလူတစ်ဦးရဲ့ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ရပြီး လှိုင်ခေါင်းထဲကနေ ထွက်ပြေးဖို့ကြိုးစားရင်း ရေလွှမ်းမိုးမှုနဲ့တိုးပြီးသေဆုံးသွားခဲ့တာဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။


ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကဖြစ်ပွားခဲ့တဲ့ ဒီရေကြီးမြေပြိုမှုဟာ ရေခဲတောင်ပြိုကျမှုကြောင့်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ယူဆရပါတယ်။ လူထောင်ပေါင်းများစွာလည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ထရီရှူလီမြစ်တစ်လျှောက်က ရေအားလျှပ်စစ်စီမံကိန်းတွေမှာ အနည်းဆုံး အလုပ်သမား ၅၅၀ ပျောက်ဆုံးနေတယ်လို့ နီပေါလွတ်လပ်သော လျှပ်စစ်ထုတ်လုပ်သူများအသင်းက ပြောပါတယ်။

ဟိမဝန္တာတောင်တန်း အထက်ပိုင်းမှာရှိတဲ့ ရေအားလျှပ်စစ်စီမံကိန်း (၁၂) ခုကနေ ပျောက်ဆုံးနေတဲ့ အလုပ်သမား စုစုပေါင်း ၉၀၀ ခန့်ရှိမယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ခန့်မှန်းထားပြီး၊ အဲဒီထဲက အလုပ်သမား ၅၀၀ ခန့်ဟာ တူးမြောင်တွေထဲမှာပိတ်မိနေတယ်လို့ ယူဆရပါတယ်။


ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ ရာဆူဝါဂါဒီ (Rasuwagadhi) ရေအားလျှပ်စစ်စ က်ရုံဘက်ကိုလည်း အဓိက ဦးတည်လုပ်ဆောင်နေပြီး၊ အဲဒီစက်ရုံရဲ့ မြေအောက်ခန်းမဆောင်တစ်ခုထဲမှာပိတ်မိနေတဲ့ အလုပ်သမား ၄၆ ဦး အသက်ရှင်လျက်ရှိနေမယ်လို့ အပြည့်အဝယုံကြည်တယ်လို့ နီပေါအာဏာပိုင်တွေက ပြောပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page