top of page

စစ်အုပ်စုလုပ်မယ့်ရွေးကောက်ပွဲ အသိအမှတ်မပြုကြဖို့ အာဆီယံခေါင်းဆောင်တွေကို ကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူးတိုက်တွန်း

  • Writer: BVJ
    BVJ
  • Oct 23
  • 1 min read

အေတီ/BVJ_အောက်တိုဘာ ၂၃၊ ၂၀၂၅

ree

အာဏာသိမ်းစစ်အုပ်စုကလုပ်မယ့်ရွေးကောက်ပွဲကို မလေးရှားနိုင်ငံမှာပြုလုပ်မယ့် ၄၇ကြိမ်မြောက်အာဆီယံထိပ်သီအစည်းအဝေးမှာအသိအမှတ်မပြုဖို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွမ်အင်ဒရူးက သတိပေးတိုက်တွန်းလိုက်ပါတယ်။


“စစ်အာဏာရှင်တွေရဲ့ မသမာတဲ့ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အခြေအနေဟာနောက်ပြန်ဆုတ်သွားပြီး အကာအကွယ်မဲ့သလိုဖြစ်သွားမယ်”လို့ တွမ်အင်ဒရူးကပြောလိုက်တာပါ။

ဒါ့အပြင် အာဆီယံခေါင်းဆောင်တွေအနေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ စေလွှတ်တဲ့ကိစ္စမျိုးအပါအဝင် စစ်အာဏာရှင်ကို အသိအမှတ်ပြုသလိုဖြစ်မယ့် ဘယ်လိုကိစ္စမျိုးမဆို မပြလုပ်သင့်ကြောင်း UN Geneva ဆိုရှယ်မီဒီယာအကောင့်မှာမနေ့ကဖော်ပြထားပါတယ်။


အာဏာသိမ်းစစ်အုပ်စုကလုပ်မယ့်ရွေးကောက်ပွဲကို ကုလသမဂ္ဂအနေနဲ့ အသိမှတ်ပြုလက်ခံမှာမဟုတ်ဘူးလို့ ဇွန်၂၅ရက်နေ့ကပြုလုပ်ခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ ၅၉ကြိမ်မြောက်အစည်းအဝေးမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွမ်အင်ဒရူးက ပြောခဲ့ပါသေးတယ်။


လာမယ့်ဒီဇင်ဘာ၂၈ရက်နေ့မှာ အာဏာသိမ်းစစ်အုပ်စုကဦးဆောင်ကျင်းပမယ့်ရွေးကောက်ပွဲဟာ အခြေခံတရားဝင်မှုတွေနဲ့မကိုက်ညီတဲ့အတွက် အာဆီယံအဖွဲ့အနေနဲ့အသိအမှတ်မပြုဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင် အဗ္ဗဒူလာ၊ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ခါစစ်ပီရိုမြာ၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမစ်ရှင်ဥက္ကဌ မာဇူကီဒါရုစ်မန် ၊မြန်မာနိုင်ငံဆိုင်ရာကုလအထူးသံတမန်ဟောင်း ယန်ဟီးလီနဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ဥက္ကဌဟောင်း ခရစီဆီဒိုတီတို့ ကြေညာချက်တစောင် ပူးတွဲလက်မှတ်ထိုးထုတ်ပြန်ထားပါသေးတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page