top of page

TNLAထိန်းချုပ်မြို့အတွင်း သူတောင်းစား၊သူဌေးတို့အယောင်ဆောင်ပြီး စစ်ကောင်စီသတင်းပေးလုပ်နေသူ ၁၀ယောက်ကျော်ကိုဖမ်းမိ

  • Writer: BVJ
    BVJ
  • 10 hours ago
  • 1 min read

ယူဂရင်း/BVJ_ စက်တင်ဘာ ၂၅၊ ၂၀၂၅

ree

တအာင်းတပ်မတော်-TNLAထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲနဲ့သီပေါမြို့တို့မှာ သတင်းစုံစမ်းထောက်လှမ်းဖို့ စစ်ကောင်စီကစေလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့ သတင်းပေး(ဒလန်) ဆယ်ဦးကျော်တို့ကိုဖမ်းဆီးမိတယ်လို့ TNLAက ဒီနေ့ မနက်ပိုင်းမှာထုတ်ပြန်ပါတယ်။

 

သူတို့တွေဟာ TNLA ဂိတ်နေရာတွေ၊ ဂိတ်တွင်းရှိ လူအင်အား လက်နက်အင်အားတွေနဲ့ ဌာနဆိုင်ရာအင်အားတွေ၊ တပ်စခန်းနေရာတွေ၊ လူစုလူဝေးများတဲ့နေရာတွေကိုသတင်းရယူခဲ့သလို စစ်ကောင်စီဘက်ကလေကြောင်းပစ်ခတ်မှုလုပ်ပြီးချိန်တွေမှာလည်း ထိရောက်မှုရှိမရှိကို စုံစမ်းထောက်လှမ်းရယူခဲ့သူတွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

 

စုံစမ်းထောက်လှမ်းရာမှာလည်း သူတောင်းစားဟန်‌ဆောင်၊ သူဌေးဟန်ဆောင်၊ ခရီးသွားဟန်ဆောင်ပြီး ပုံစံအမျိုးမျိုးနဲ့ မြို့တွင်းကိုဝင်ရောက်ပြီး သတင်းတွေထောက်လှမ်းရယူခဲ့သလို စစ်ကောင်စီတပ်အလွယ်တကူဝင်ရောက်နိုင်မယ့်လမ်းနဲ့ ထောက်ပို့လမ်းကြောင်းအခြေအနေတွေကိုလည်း အဓိကထောက်လှမ်းခဲ့ကြတာလို့ TNLAက သိရပါတယ်။

 

ree

သူတို့အချင်းချင်းဆက်သွယ်ရာမှာတော့ လက်ဟန်အမူအရာ၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးကွမ်းယာဆိုင်နဲ့ လူရှင်းတဲ့နေရာတွေမှာလူချင်းတွေ့ပြီး တစ်ဦးနဲ့တစ်ဦးသတင်းပေးကာ စစ်ကောင်စီတပ်ဆီကို Viber၊ Facebook၊ WeChat၊ Telegram စတာတွေနဲ့သတင်းပေးပို့ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

 

အခုသတင်းပေးနဲ့ဒလန်တွေကို တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့နဲ့ဌာနဆိုင်ရာတို့ပူးပေါင်းကာ ရှောင်တခင်စစ်ဆေးချိန်မှာဖမ်းမိခဲ့တာဖြစ်ပြီး ဖမ်းမိထားသူတွေကိုလည်း လုံခြုံစိတ်ချတဲ့နေရာမှာ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်းနဲ့ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်ပါက တအာင်းပြည်ဥပဒေနဲ့အညီအရေးယူသွားမယ်လို့ TNLA ထုတ်ပြန်ပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီဟာ TNLAအုပ်ချုပ်တဲ့ဒေသတွေမှာ စစ်ဘက်ရေးရာလုံခြုံ‌ရေးများစွာ စေလွှတ်ထားတယ်လို့လည်း TNLAကပြောထားပါတယ်။

 

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page