TNLAထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီဆက်တိုက်ဗုံးကြဲနေတာကြောင့် အရပ်သားသေဆုံးမှုတိုးလာနေ
- BVJ

- Oct 8
- 1 min read
BVJ/ဂျိုး_အောက်တိုဘာ ၈၊ ၂၀၂၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်-TNLAထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ဒေသက မိုင်းလုံ ၊မိုင်းငေါ့စတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ်တော်တော်များများကို စစ်ကောင်စီကဒီရက်ပိုင်း ဆက်တိုက်ဗုံးကြဲနေတာကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရသူတွေ တိုးလာနေပါတယ်။
ဒီနေ့မွန်းလွဲပိုင်းမှာလည်း ကျောက်မဲခရိုင်အတွင်းက မိုင်းငေါ့မြို့ကိုစစ်ကောင်စီလေကြောင်းက ပေါင် ၂၅၀ဗုံး နှစ်လုံးကြဲချခဲ့တာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးပြီးတော့ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAကဒီနေ့ နေ့လယ်ပိုင်းမှာထုတ်ပြန်ပါတယ်။
စစ်ကောင်စီက မိုင်းငေါ့မြို့ မန်လုံရပ်ကွက်ရဲစခန်းရှေ့ကို ပေါင်(၂၅၀) ဗုံး (၂)လုံး၊ စျေးရပ်ကွက်ကို ရော့ကဒ် ဗုံး(၂)လုံး၊ တာလုံရပ်ကွက် ရော့ကဒ် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဗုံးကြဲခံရမှုအတွင်း သေဆုံးသွားသူတွေကတော့ အသက်(၅၀)နှစ်အရွယ်ရှိ ဒေါ်လှရီ၊ အသက် (၅၆)နှစ်အရွယ် ဦးရွှေဟုန်း ထိမှန်သေဆုံးခဲ့ပြီး အသက် (၁၈) နှစ်အရွယ်ရှိ မထွေးထွေးအောင်နဲ့ အသက် (၅၀)နှစ်အရွယ် ဦးတင်မောင်အေးတိုကို ထိမှန်ဒဏ်ရာရရှိခဲ့သလို လူနေအိမ် (၈) အိမ်က်မနည်းပျက်စီးတယ်လို့လည်း TNLAရဲ့ ထုတ်ပြန်ချက်မှာဖော်ြပထားပါတယ်။
အလားတူပဲ မနေ့က အောက်တိုဘာလ ၇ရက် နေ့လယ် ၁၂နာရီကျော်လောက်မှာလည်း စစ်ကောင်စီလေတပ်က ကျောက်မဲခရိုင် မိုင်းလုံမြို့နယ် မန်းဟုန်းကျေးရွာကို ပေါင်(၂၅၀) ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် ကလေးငယ်(၁)ဦးအပါအ၀င် အရပ်သား(၁၀)ဦးသေဆုံးခဲ့ပြီး (၃)ဦးဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရှမ်းမြောက်ဒေသက TNLAထိန်းချုပ်ထားတဲ့ဒေသအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့နေရာတွေကို မြေပြင်စစ်ကြောင်းထိုးတာတွေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်တာနဲ့ လေကြောင်း ဗုံးကြဲတာတွေဆက်တိုက်ရှိနေပြီး စစ်ရာဇဝတ်မှုကျူးတွေလွန်နေတယ်လို့လည်း TNLAဘက်က ပြောဆိုထားပါတယ်။







Comments