top of page

ပဲခူးရိုးမအတွင်း ၂ ရက်ဆက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးထပ်မနည်းသေဆုံး

  • Writer: BVJ
    BVJ
  • May 24
  • 1 min read

BVJ/ဇော် _ မေ ၂၄ ၊ ၂၀၂၅


ree

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပဲခူးရိုးမအတွင်းမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တို့ ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ဒီနေ့ မေလ ၂၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။


အခု မေလ ၂၂ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်က ပဲခူးရိုးမထဲရှိ ခါချဉ်တောင်ပေါ်ကို အင်အား ၁၀၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းက စိန်ကန့်လန့်-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းအတိုင်း တက်လာချိန် ဟိုင်းယုလမ်းဆုံနဲ့ ပျဉ်းကတိုးခင်းရွာအကြား တရုတ်ပေါက်ကျောက်ကုန်းအနီးမှာ တော်လှန်ရေးတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


“ခုလက်ရှိကတော့ ဘန့်ဘွေးကုန်းမှာပါ။ ထပ်တိုးအင်အား ရှိမရှိတော့ မသိရသေးဘူး။ ထိတွေ့တိုက်ပွဲအတွင်း လက်နက်သိမ်းဆည်းရရှိခဲ့တာတော့ မရှိပါဘူး။ ညဘက်ဖြစ်နေတော့ ကျွန်တော်တို့လည်း လုံခြုံရေးကြောင့် လက်နက်မကောက်နိုင်ခဲ့ဘူး။ တိုက်ပွဲဖြစ်တဲ့ညက မိုးကလည်း ဆက်တိုက်ရွာနေတာ” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က တာဝန်ရှိသူက Burma VJ ကိုပြောပါတယ်။


ထိတွေ့တိုက်ပွဲ ၁ နာရီခန့်အကြာမှာ စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးပြီးနောက် ဘန့်ဘွေးကုန်းရွာဘက်ကို ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ နောက်တစ်နေ့ မနက် ၅ နာရီခွဲခန့်မှာ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို လာကောက်တဲ့ စစ်ကြောင်းနဲ့ ၁၅ မိနစ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။


ထိတွေ့တိုက်ပွဲ ၂ ရက်အပြီး တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်ရာမှာ စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး တွေ့ရှိခဲ့တဲ့ စစ်ကောင်စီဘက်က အလောင်း ၄ လောင်းကိုလည်း မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page