top of page

ချင်းမိုင်မှာ ခရီးသွားတွေကို ခိုစာရောင်း၊ဓါတ်ပုံရိုက်ပေးတဲ့ဂိုဏ်း အဖမ်းခံရ

  • Writer: BVJ
    BVJ
  • May 12
  • 1 min read

ယူဂရင်း/BVJ_မေ ၁၂၊ ၂၀၂၆

ခိုတွေကိုအစာကျွေးစုထားပြီး နိုင်ငံခြားသားခရီးသွားတွေကို အခကြေးငွေယူဓါတ်ပုံရိုက်ပေးနေပုံ။
ခိုတွေကိုအစာကျွေးစုထားပြီး နိုင်ငံခြားသားခရီးသွားတွေကို အခကြေးငွေယူဓါတ်ပုံရိုက်ပေးနေပုံ။

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့က အထင်ကရနေရာတခုဖြစ်တဲ့ ရှေးဟောင်းမြို့ရိုး သာဖဲဂိတ်(Tha Phae Gate)နားမှာ တရားမဝင်ခိုအစာရောင်းပြီး နိုင်ငံခြားသားခရီးသွားတွေကိုဓါတ်ပုံရိုက်ပေးနေသူနှစ်ဦးကို တာဝန်ရှိသူတွေကဖမ်းဆီးလိုက်ပါတယ်။


ချင်းမိုင်Newsနဲ့ CM108တို့မှာဖော်ပြချက်အရ အခုနှစ်ဇန်နဝါရီလထဲက ချင်းမိုင်မြို့တော်စည်ပင်သာယာရေးဌာနကစည်းကမ်းထိန်းသိမ်းရေးဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းပြီး နယ်မြေလှည့်လည်စစ်ဆေးခြင်းနဲ့ ဖမ်းဆီးအရေးယူမှုတွေပြုလုပ်လာခဲ့တာကြောင့် အဲ့ဒီငှက်စာရောင်းဂိုဏ်းဟာခဏပျောက်ကွယ်သွားပြီး အခုပြန်ပေါ်လာတာဖြစ်တယ်လို့ သိရပါတယ်။


အဲ့ဒီသူတွေဟာ တရားမဝင်ငှက်အစာရောင်းခြင်း၊ အစာကျွေးကာ ခိုတွေကိုစုထားပြီး နိုင်ငံခြားသားခရီးသွားတွေဆီက အခကြေးငွေယူ၊ ခိုတွေနဲ့ဓါတ်ပုံရိုက်ပေးခြင်းစတာတွေကို ပြုလုပ်နေတာဖြစ်ကြောင်းနဲ့ သူတို့အဖွဲ့ပြန်လှုပ်ရှားနေကြောင်းကို မနေ့ကမေလ ၁၁ရက်နေ့မှာ ဒေသခံတွေကတိုင်ကြားလာတာဖြစ်တယ်လို့ သိရပါတယ်။

ခိုတွေကိုအစာကျွေးစုထားပြီး နိုင်ငံခြားသားခရီးသွားတွေကို အခကြေးငွေယူဓါတ်ပုံရိုက်ပေးနေပုံ။
ခိုတွေကိုအစာကျွေးစုထားပြီး နိုင်ငံခြားသားခရီးသွားတွေကို အခကြေးငွေယူဓါတ်ပုံရိုက်ပေးနေပုံ။

တိုင်ကြားချက်အရသွားရောက်စစ်ဆေးရာမှာ ခိုအုပ်ကအရင်ထက်များပြားနေသလို အစာတွေကိုနံရံအလွတ်ထဲမှာဖွက်ထားပြီး ခရီးသွားတွေကိုအခကြေးငွေနဲ့ဓါတ်ပုံရိုက်ပေးနေတာကိုလည်းတွေ့ရှိရတာကြောင့် အဲ့ဒါကိုလုပ်ကိုင်နေတဲ့အမျိုးသားနှစ်ဦးဟာ ဖမ်းဆီးခံခဲ့ရပါတယ်။


ဖမ်းဆီးခံရသူတွေဟာ အသက် ၃၇နှစ်အရွယ် Mr. A-laeနဲ့ အသက် ၅၂နှစ်အရွယ်ရှိ Mr. Surasakတို့ဖြစ်ကြပြီး သူတို့နှစ်ဦးဝန်ခံထွက်ဆိုချက်အရ သူတို့ဟာလှည့်ကင်းမရှိချိန်မှာအဲ့ဒီအလုပ်ကိုလုပ်ကိုင်ကြပြီး တာဝန်ရှိသူတွေနဲ့ရဲတွေကိုတွေ့ရှိချိန်မှာတော့ ပစ္စည်းတွေကိုဖွက်ထားခဲ့ကာ ထွက်‌ပြေးကိုယ်ယောင်ဖျောက်လိုက်ကြကြောင်းနဲ့ အရင်ကလည်းအကြိမ်ကြိမ်ဖမ်းဆီးခံရဖူးပေမယ့် ဒါကိုပဲပြန်လည်လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

တရားမဝင်ခိုစားရောင်းတာကြောင့် ဖမ်းဆီးခံရသူနှစ်ဦး
တရားမဝင်ခိုစားရောင်းတာကြောင့် ဖမ်းဆီးခံရသူနှစ်ဦး

Tha Phae Gateဟာအထင်ကရနေရာတခုဖြစ်တာကြောင့် နိုင်ငံခြားခရီးသွားတွေအသွားအလာများတဲ့နေရာတခုထဲမှာပါဝင်ပါတယ်။ အခုအဲ့ဒီနားမှာ ခိုစာမကျွေးဖို့တားမြစ်ကြောင်းဆိုင်းဘုတ်ကိုလည်း ဖော်ပြထားတာတွေ့ရပါတယ်။

(Photo-Chiang Mai News)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page