ကမ္ဘောဒီးယားနဲ့စစ်ပွဲမှာကျဆုံးခဲ့တဲ့ ထိုင်းစစ်သားတွေရဲ့ မိသားစုဝင်တွေကို ထိုင်းတက္ကသိုလ်ကြီးတွေက ပညာသင်ဆုကမ်းလှမ်း
- BVJ

- Aug 5, 2025
- 1 min read
အေတီ/BVJ_ သြဂုတ် ၅၊ ၂၀၂၅

ထိုင်း-ကမ္ဘောဒီးယား ငါးရက်တာစစ်ပွဲအတွင်း ကျဆုံးသွားတဲ့စစ်သားတွေနဲ့ ဒဏ်ရာရတဲ့စစ်သားတွေရဲ့ မိသားစုဝင်တွေကို ထိုင်းတက္ကသိုလ်တွေနဲ့ ကျောင်းတွေက full Scholarships ပညာသင်ဆုပေးဖို့ ကမ်းလှမ်းထားပါတယ်။
ပညာသင်ဆုကမ်းလှမ်းထားတဲ့ တက္ကသိုလ်တွေထဲမှာ ထိုင်းထိပ်တန်းတက္ကသိုလ် Chulalongkorn ချူလာလောင်ကွန်းChulalongkorn ၊ Mahasarakham မဟာဆာရာခမ် တက္ကသိုလ်နဲ့ ရာမသီဘိုဒီ Ramathibodiသူနာပြုကျောင်းတွေ ပါဝင်ပါတယ်။

ဒီပညာသင်ဆုဟာ ဇူလိုင်၂၄ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ကမ္ဘောဒီးယားနဲ့စစ်ပွဲမှာ အသက်ပေးခဲ့ရတဲ့ ထိုင်းစစ်သားတွေရဲ့ မိန်းမတွေနဲ့သားသမီးတွေအတွက် ကမ်းလှမ်းတာဖြစ်ပါတယ်။
တိုက်ပွဲမှာကျဆုံးခဲ့တဲ့ ထိုင်းစစ်သားတစ်ဦးရဲ့ စျာပနမှာ ၁၃နှစ်အရွယ်သမီးငယ်လေးငိုနေတဲ့ပုံကို မြင်ခဲ့ရပြီးနောက် ရာမသီဘိုဒီ Ramathibodiသူနာပြုကျောင်းရဲ့ ညွှန်ကြားရေးမှုး Poolsuk Janepanishက အဲ့ဒီမိန်းခလေးကို သူတို့ကျောင်းကလက်ခံမယ်လို့ ဖေ့စ်ဘုခ်ပေါ်ကတဆင့် အခုလိုပြောခဲ့ပါတယ်။
“ဒီကလေး သူနာပြုဖြစ်ချင်တယ်ဆိုရင် ရာမသီဘိုဒီကျောင်းက ဝင်ခွင့်စာမေးပွဲမစစ်ပဲ တိုက်ရိုက်လက်ခံမယ်” လို့ ကမ်းလှမ်းခဲ့ပါတယ်။
full scholarships ပညာသင်ဆုဟာ တက္ကသိုလ်တွေလက်အောက်က မူလတန်းနဲ့အလယ်တန်းတွေမှာ အခမဲ့တက်ရောက်ခွင့်ရမှာဖြစ်သလို ပညာသင်ဆုကမ်းလှမ်းမှုဟာ တက္ကသိုလ်တွေရဲ့ သရုပ်ပြကျောင်းတွေမှာ မူလတန်းနဲ့ အလယ်တန်း၊ ပြီးတော့ တက္ကသိုလ်တွေမှာလဲ ဘွဲ့ကြို၊ မာစတာနဲ့ပါရဂူဘွဲ့တွေ အခမဲ့လေ့လာခွင့်ရမှာဖြစ်ပါတယ်။
ကမ္ဘောဒီးယားနဲ့ဖြစ်ပွားခဲ့တဲ့ ငါးရက်တာစစ်ပွဲမှာ ထိုင်းစစ်သား ၁၅ ဦးနဲ့ ထိုင်းအရပ်သား ၁၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Ref-Bangkok Post ၊ The Nation Thailand
ပုံစာ -ထိုင်း အမှတ်(၂)တပ်မတော် တိုင်းမှူး ဗိုလ်ချုပ်ကြီး Boonsin Padklang စနေနေ့က Ubon Ratchathani နယ်ခြားစောင့်တပ်ကို လာရောက်စစ်ဆေးစဥ်




Comments