top of page

မြန်မာဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေကို တရားဝင်အလုပ်လုပ်ခွင့်ပေးမယ့် ထိုင်းအစိုးရအစီအစဥ် UNHCRကြိုဆို

  • Writer: BVJ
    BVJ
  • Aug 28
  • 1 min read

အေတီ/BVJ_ သြဂုတ်၂၇၊ ၂၀၂၅

ပုံစာ- ၁၉၈၄ခုနှစ်ကတည်းကတည်ရှိပြီး ဒုက္ခသည် ငါးသောင်းဝန်းကျင်နေထိုင်နေတဲ့ တာ့ခ်ခရိုင်ထဲက မယ်လဒုက္ခသည်စခန်း
ပုံစာ- ၁၉၈၄ခုနှစ်ကတည်းကတည်ရှိပြီး ဒုက္ခသည် ငါးသောင်းဝန်းကျင်နေထိုင်နေတဲ့ တာ့ခ်ခရိုင်ထဲက မယ်လဒုက္ခသည်စခန်း

ထိုင်းနိုင်ငံအတွင်းက မြန်မာဒုက္ခသည်စခန်းတွေမှာနေထိုင်နေတဲ့ဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပေးမယ့် ထိုင်းအစိုးရဆုံးဖြတ်ချက်ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ကြိုဆိုလိုက်ပါတယ်။


ထိုင်းဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ Jirayu Houngsubက နိုင်ငံအတွင်းယာယီခိုလှုံနေထိုင်သူတွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုပေးမယ့်မူဝါဒကို အစိုးရအဖွဲ့တွင်းမှာ အင်္ဂါနေ့ကအတည်ပြုခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မှာတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။


ပြီးခဲ့တဲ့လကဖြစ်ပွားခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခကာလအတွင်းမှာ ကမ္ဘောဒီးယားအလုပ်သမားလေးသိန်းဝန်းကျင်ဟာ ထိုင်းနိုင်ငံအတွင်းကထွက်ခွာသွားတာကြောင့် ထိုင်းနိုင်ငံအတွင်း အလုပ်သမားလိုအပ်ချက်တွေ ကြီးကြီးမားမားဖြစ်ပေါ်နေပါတယ်။


ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုကိစ္စမဖြစ်ခင်က ထိုင်းနိုင်ငံတွင်းမှာ ကမ္ဘောဒီးယားအလုပ်သမား ငါးသိန်းနှစ်သောင်းကျော်အလုပ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။


ထိုင်းအစိုးရရဲ့အထက်ပါမူဝါဒအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိမယ့်သူတွေထဲ မယ်ဟောင်ဆောင်၊တာ့ခ်၊ ကန်ချနာဘူရီနဲ့ ရာချာဘူရီခရိုင်တွေက ဒုက္ခသည်စခန်းတွေမှာနေထိုင်နေတဲ့ တရားဝင်အလုပ်လုပ်ခွင့်အသက်အရွယ်ရှိသူ ၄၂၆၀၁ဦး အပါအဝင် ၇၇၇၁၈ဦး အကျူံးဝင်မှာဖြစ်ပါတယ်။


ထိုင်းနဲ့ကမ္ဘောဒီးယားစစ်ရေးပဋိပက္ခကြောင့် ထိုင်းနိုင်ငံအတွင်းကထွက်ခွာသွားရတဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေနေရာမှာ မြန်မာနိုင်ငံအတွင်းက ရွှေ့ပြောင်းလုပ်သား (၄၂၀၀၀)လေးသောင်းနှစ်ထောင်နဲ့ သီရိလင်္ကာလုပ်သားတစ်သောင်း ခေါ်ယူအစားထိုးသွားဖို့အစီအစဥ်ကိုလည်း ထိုင်းအစိုးရက စီစဥ်ထားပါတယ်။


ကိုးကား- Bangkok Post


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page