လေယာဉ်နှစ်စင်းပစ်ချခံရမှုနဲ့ ကျူးဘားခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စထရိုကို အမေရိကန်ကလူသတ်မှုနဲ့တရားစွဲ
- BVJ

- 14 hours ago
- 1 min read
အေတီ/BVJ_ မေ ၂၁၊၂၀၂၆

၁၉၉၆ခုနှစ်က ကျူးဘားနဲ့ဖလော်ရီဒါကြားမှာ လေယာဉ်နှစ်စင်းပစ်ချခံခဲ့ရမှုနဲ့ပတ်သက်ပြီး ကျူးဘားခေါင်းဆောင်ဟောင်း ရာအူးလ်ကက်စထရိုကို အမေရိကန်နိုင်ငံသားတွေကို သတ်ဖြတ်ဖို့ကြံစည်မှုအပြင် အခြားပြစ်မှုတွေနဲ့အမေရိကန်က တရားစွဲဆိုလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့ကထုတ်ပြန်လိုက်တဲ့ အဲ့ဒီအမှုစွဲချက်ဟာ ၂၀၀၃ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ စွဲချက်တွေကိုပြန်ဖော်ထုတ်လိုက်တာဖြစ်ပါတယ်။ ကျူးဘား-အမေရိကန်အဖွဲ့ "Brothers to the Rescue" ပိုင်လေယာဉ်တစ်စင်းကိုပစ်ချခဲ့မှုကြောင့် အမေရိကန်နိုင်ငံသားသုံးဦးအပါအဝင် လူလေးဦးသေဆုံးခဲ့ရမှုနဲ့ပတ်သက်ပြီး ကက်စထရိုနဲ့အခြားသူငါးဦးကိုစွဲချက်တင်ထားပါတယ်။
အခုအချိန်မှာ အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ကက်စထရိုဟာအဲ့ဒီအချိန်တုန်းက ကျူးဘားနိုင်ငံရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကိုဦးဆောင်ခဲ့သူဖြစ်ပြီး အဲ့ဒီလေယာဉ်ပျက်ကျမှုအတွက် နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုကို ခံခဲ့ရပါတယ်။
ဒီတရားစွဲဆိုမှုက ကျူးဘားရဲ့ကွန်မြူနစ်အုပ်ချုပ်မှုကိုဖိအားပေးဖို့ အမေရိကန်က ကြိုးပမ်းနေတာဖြစ်ပြီး နိုင်ငံအရေးအရအကွက်ရွှေ့တာလို့ ကျူးဘား သမ္မတ မီဂွယ် ဒီယက်ဇ်-ကန်နယ်လ်က တုံ့ပြန်ထားပါတယ်။
မိုင်ယာမီမြို့ Freedom Towerမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် ယာယီရှေ့နေချုပ် တော့ဒ် ဘလန်းချ်က လေယာဉ်ဖျက်ဆီးမှု၊ အာမန်ဒို အလက်ဂျန်ဒရီ ဂျူနီယာ၊ ကားလို့စ် အယ်လ်ဘာတို ကိုစတာ၊ မာရီယို မန်နူရယ်လ် ဒီလာ ပီညာနဲ့ ပါဘလို မိုရာလက်စ်တို့သေဆုံးမှုအတွက် လူသတ်မှု စွဲချက်လေးခုနဲ့ ကက်စထရိုကိုတရားစွဲဆိုသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အမေရိကန် တရားရေးဌာနရဲ့ စွဲချက်သစ်တွေက ကျူးဘားနိုင်ငံရဲ့ တစ်ပါတီအာဏာရှင်စနစ်ကို နိုင်ငံရေးနဲ့စီးပွားရေးအရအဓိပ္ပာယ်ရှိတဲ့ ပြုပြင်ပြောင်းလဲတွေလုပ်ဆောင်ဖို့ အမေရိကန်ကပြင်းပြင်းထန်ထန်ဖိအားပေးနေချိန်မှာ ကျူးဘားကွန်မြူနစ်ထိပ်တန်းခေါင်းဆောင်တွေထဲက အဓိကပုဂ္ဂိုလ်တစ်ဦးကို ပစ်မှတ်ထားလိုက်တာဖြစ်ပါတယ်။
"အမေရိကန်အစိုးရရဲ့ မဟာဗျူဟာက ကျူးဘားအစိုးရအနေနဲ့ညှိနှိုင်းစားပွဲမှာ အလျှော့ပေးပြီး လက်မြှောက်လာတဲ့အထိ ဖိအားတွေကိုတဖြည်းဖြည်းတိုးမြှင့်သွားဖို့ဖြစ်မယ်လို့ထင်ပါတယ်"လို့ အမေရိကန်တက္ကသိုလ်က လက်တင်အမေရိက နိုင်ငံရေးကျွမ်းကျင်သူ ဝီလီယမ် လီယိုဂရန်းဒ်က သုံးသပ်ပါတယ်။
အမေရိကန်နိုင်ငံက ကျူးဘားနိုင်ငံ အပေါ် ပိတ်ဆို့မှုတွေချမှတ်ထားပြီး ရေနံတင်သွင်းမှုတွေ ပိတ်ပင်ထားတာကြောင့် ကျူးဘားမှာလျှပ်စစ်မီးပြတ်တောက်တာတွေနဲ့ အစားအစာလိုအပ်ချက်တွေဖြစ်ပွားနေပါတယ်။
ကက်စထရိုကို အမေရိကန်ကိုခေါ်ဆောင်ပြီး တရားရင်ဆိုင်ခိုင်းဖို့ အလားအလာရှိလားလို့ သတင်းထောက်တွေရဲ့မေးခွန်းကို အမေရိကန်ယာယီရှေ့နေချုပ် တော့ဒ် ဘလန်းချ်က ဖမ်းဝရမ်းထုတ်ထားတယ်လို့ပြန်ဖြေပြီး"သူ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊တခြားနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ဒီကိုရောက်လာလိမ့်မယ်လို့ က မျှော်လင့်ထားတယ်လို့ဆိုပါတယ်။
အသက် ၉၅ နှစ်နီးပါးရှိပြီဖြစ်သော ကက်စထရို ဟာ"ကျူးဘားတော်လှန်ရေးပါဝင်ခဲ့တဲ့အသက်ရှင်ကျန်ရစ်သူခေါင်းဆောင်" အဖြစ် ကျူးဘားနိုင်ငံမှာအသိအမှတ်ပြုခံထားရပြီး သြဇာညောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။
လက်ရှိအစိုးရနဲ့ ပါတီတာဝန်တွေကနေအနားယူထားပေမယ့် ၂၀၀၈-၂၀၁၈ သမ္မတသက်တမ်းအတွင်း အမေရိကန်သမ္မတဟောင်း ဘာရတ် အိုဘားမားနဲ့အတူ ဝါရှင်တန်-ဟာဗားနားဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေဖို့ဆောင်ရွက်ခဲ့ဖူးတာရှိပါတယ်။
ဘလန်းချ်က ကက်စထရိုရဲ့အမှုတွေနဲ့ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရိုရဲ့အမှုတွေဟာ "နှိုင်းယှဉ်လို့မရဘူး"လို့ပြောပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီမှာ အမေရိကန်က မာဒူရိုကို ဗင်နီဇွဲလားမှာသွားဖမ်းပြီး အမေရိကန်ကိုခေါ်ဆောင်လာဖို့ စစ်ရေးစစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ပြီး တရားရေးဌာနကတရားစွဲဆိုခဲ့ပါတယ်။ ဒါပေမယ့် "ထရမ့်အစိုးရအနေနဲ့ မာဒူရိုကိုတရားစွဲဆိုတုန်းကလို အခုကက်စထရိုရဲ့အမှု စစ်ရေးစစ်ဆင်မှုတစ်ခုပြုလုပ်မှာလားဆိုတဲ့ မေးခွန်းတွေရှိနေဆဲပါ။
ခရက်ဒစ်-ဘီဘီစီ




Comments