ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ဒူဘိုင်း ထွက်ပြေးသွားပြီလို့ သတင်းထွက်နေ
- BVJ
- 1 day ago
- 1 min read
အေတီ/BVJ_ စက်တာဘာ ၅၊ ၂၀၂၅

ထိုင်းဝန်ကြီးချူပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ စင်္ကာပူမှာ ဆေးစစ်ဆေးမှုခံယူမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ထိုင်းနိုင်ငံတွင်းကနေလေယာဥ်နဲ့ မနေ့က ရုတ်တရက်ထွက်ခွာသွားပြီး ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာရောက်ရှိနေတယ်လို့ သတင်းရရှိပါတယ်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ထိုင်းတရားရုံးတရုံးကအမှုတစ်ခုနဲ့ သူ့ကိုစီရင်ချက်မချမီ ငါးရက်အလိုမှာ ထိုင်းနိုင်ငံအတွင်းကနေ အခုလိုရုတ်တရက်ထွက်ခွာသွားတာပါ။
ပြီးတော့ သက်ဆင် ထိုင်းနိုင်ငံအတွင်းကထွက်ခွာသွားတဲ့ရက်ကလည်း သမီးဖြစ်သူပေထုန်တန်ရှင်နာဝပ် ဝန်ကြီးချုပ်ရာထူးက အပြီးတိုင်ရပ်နားခံလိုက်ရတဲ့ကိစ္စဖြစ်အပြီး တပါတ်အကြာအချိန်နဲ့ သွားတိုက်ဆိုင်နေပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောဆိုခဲ့တဲ့အသံဖိုင်ပေါက်ကြားမှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးကအပြီးတိုင်ရပ်နားဖို့ ဆုံးဖြတ်လိုက်တာပါ။
ထိုင်းလွှတ်တော်က ပေတုန်တန်နေရာကိုဆက်ခံမယ့် ဝန်ကြီးချုပ်သစ်ကို ဒီနေ့သောကြာနေ့မှာမဲပေးရွေးချယ်မှာဖြစ်ပြီး အစိုးရသစ်တစ်ခုလဲ တပြိုင်နက်ထွက်ပေါ် လာတော့မှာဖြစ်ပါတယ်။
သမီးကဝန်ကြီးချုပ်ရာထူးကပြုတ် အဖေကနိုင်ငံတွင်ကနေ နောက်တခါထွက်ပြေးရတာကြောင့် သက်ဆင်မိသားစုရဲ့ဆယ်စုနှစ် နှစ်ခုကျော်ကြာကြီးစိုးခဲ့တဲ့ နိုင်ငံရေးယန္တရားအဆုံးသတ်သွားပြီလို့ အများစုကရူမြင်ထားကြပါပြီ။အဲ့ဒီနှစ်,နှစ်ဆယ်ကျော်ကြာကာလအတွင်းမှာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ အမှုမျိုးစုံနဲ့ တရားစွဲခံရထောင်ချခံခဲ့ရပေမယ့် ထောင်ထဲမှာ လုံးဝမနေခဲ့ရပါဘူး။
ဘန်ကောက် ဒွန်မောင်းလေဆိပ်မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက သက်ဆင်ကို လေယာဥ်ပေါ်မတက်မီစစ်ဆေးခဲ့ပေမယ့် စင်္ကာပူကို ဆေးစစ်ဆေးမှုခံယူဖို့သွားမယ်ဆိုတဲ့အကြောင်းပြချက်ရယ်၊ သူနဲ့ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ထားတာ၊ တရားရုံးကနေ သူ့ကိုနိုင်ငံတွင်းကထွက်ခွာခွင့်ပိတ်ပင်ထားတဲ့အမိန့်ထုတ်ပြန်ထားတာ မရှိတာကြောင့် ထွက်ခွာခွင့်ပေးလိုက်တာလို့ သိရပါတယ်။
ဒါပေမယ့် သက်ဆင်ရဲ့လေယာဥ်က စင်္ကာပူကို မောင်းနှင်ရမယ့်အစား ရုတ်တရက်လမ်းကြောင်းပြောင်းပြီး အရှေ့အိန္ဒိယသမုဒ္ဒရာကိုဖြတ် သူ ပြည်နှင်ဒဏ်ခံခဲ့ရတုန်းက ကာလရှည်နေထိုင်ခဲ့တဲ့ သူ့အိမ်ရှိတဲ့ ဒူဘိုင်းကိုဦးတည်သွားပါတယ်။
လေယာဥ်ပျံသန်းမှု ခြေရာခံစနစ်မှာပေါ်လာတဲ့တွေ့ရှိချက်အရ ဒူဘိုင်းလေဆိပ်ကို ဒေသစံတော်ချိန် ည ၁၁နာရီ ၂၅မိနစ်အချိန်မှာ သက်ဆင်လေယာဥ်ဆိုက်ရောက်သွားပြီဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။
ခရက်ဒစ် - Khaosod English
Comments