top of page

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ရာထူးကအပြီးတိုင်ဖယ်ရှားခံရ

  • Writer: BVJ
    BVJ
  • Sep 1
  • 1 min read

BVJ/ဂျိုး_ဩဂုတ်၂၉၊ ၂၀၂၅

ပုံစာ-ရာထူးမှာဖယ်ရှားခံလိုက်ရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်အားတွေ့ရစဉ်
ပုံစာ-ရာထူးမှာဖယ်ရှားခံလိုက်ရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်အားတွေ့ရစဉ်

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောဆိုခဲ့တဲ့ အသံဖိုင်ပေါက်ကြားပြီးနောက် ဝန်ကြီးချုပ်ရာထူးဆိုင်းငံ့ခံထားရတဲ့ ပေထုန်တန်ရှင်နာဝပ်ကို ဝန်ကြီးချုပ်ရာထူးကနေအပြီးပိုင်ဖယ်ထုတ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဒီကနေ့မှာဆုံးဖြတ်လိုက်တာပါ။


ထိုင်းဝန်ကြီးချုပ်ပေထုန်တန်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ရဲ့ ဆွေးနွေးချက်တွေဟာ အသံဖိုင်မှာဖော်ပြထားသလို ဟွန်ဆန်ရဲ့အကျိူးစီးပွားကို နိုင်ငံတော်အကျိုးထက်ဦးစားပေးထားတာကြောင့် ဝန်ကြီးချုပ်တစ်ဦးရဲ့ကျင့်ဝတ်ကို ချိုးဖောက်ရာရောက်တယ်လို့ ခုံရုံးရဲ့ဆုံးဖြတ်ချက်မှာ ဖော်ပြထားတာလည်းဖြစ်ပါတယ်။


ပေထုန်တန်ရှင်နာဝပ်ကို ကျင့်ဝတ်ဆိုင်ရာစံနှုန်းတွေကိုချိုးဖောက်တယ်လို့စွပ်စွဲပြီးတော့ အထက်လွှတ်တော်အမတ်တချို့ကတင်သွင်းတဲ့ အသနားခံစာကို အခြေခံဥပဒေခုံရုံးကလက်ခံပြီး နောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှာရာထူးကနေ ဆိုင်းငံ့ထားခဲ့တာပါ။


ပေထုန်တန်ရဲ့ဖခင် သက်ဆင်နဲ့ အဒေါ်ဖြစ်သူ ယင်လတ်တို့ဟာလည်း ထိုင်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေရင်း တရားစီရင်ရေး၊စစ်အာဏာသိမ်းမှုတို့နဲ့ ရာထူးကဖြုတ်ချခံခဲ့ရတာဖြစ်ပါတယ်။


၂၀၀၈ခုနှစ်ကစပြီး ပေထုန်တန်အပါအဝင် ထိုင်းဝန်ကြီးချုပ်ငါးဦးကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ရာထူးကဖယ်ရှားခဲ့ပါတယ်။


ပေတုန်တန် ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံရမှုဟာ ဖွေထိုင်းပါတီနဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆက်ရှင်နာဝပ်မျိုးဆက်အတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page