top of page

စစ်ဘေးဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးတဲ့ထိုင်းအစိုးရကို NUGကျေးဇူးတင်

  • Writer: BVJ
    BVJ
  • Sep 1
  • 1 min read

BVJ/ဂျိုး၊ ဩဂုတ် ၂၉၊ ၂၀၂၅

ဓာတ်ပုံခရက်ဒစ်- Ministry of Foreign Affairs - Myanmar - NUG
ဓာတ်ပုံခရက်ဒစ်- Ministry of Foreign Affairs - Myanmar - NUG

ထိုင်း-မြန်မာနယ်စပ်အတွင်းက ဒုက္ခသည်စခန်းတွေမှာနေထိုင်ကြတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးလိုက်တဲ့ ထိုင်းအစိုးရကို ကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ရက်နေ့က ရေးပို့လိုက်တဲ့သဝဏ်လွှာမှာဖော်ပြပါတယ်။


အဲဒီသဝဏ်လွှာထဲမှာတော့ မြန်မာစစ်ဘေးရှောင်ပြည်သူတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်ပြီးလိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို ထိုင်းနိုင်ငံအစိုးရနဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ NUGအနေနဲ့အဆင်သင့်ရှိနေတယ်လို့လည်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်း မြန်မာစစ်ဘေးရှောင်တွေကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးမယ်လို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်မှာထုတ်ပြန်ခဲ့တာပါ။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page