top of page

တရားမဝင်ခိုးဝင်မှုနဲ့ဖမ်းခံထားရတဲ့မြန်မာတွေက ထိုင်းရဲမွေးနေ့အတွက် Happy Birthdayဆိုပေးခဲ့လို့ အံ့သြနေ

  • Writer: BVJ
    BVJ
  • Jan 20
  • 1 min read

အယ်နာ/BVJ_ဇန်နဝါရီ ၂၀၊ ၂၀၂၆

ဓါတ်ပုံ-ဖမ်းမိထားတဲ့မြန်မာနိုင်ငံသားများ(Khaosod)
ဓါတ်ပုံ-ဖမ်းမိထားတဲ့မြန်မာနိုင်ငံသားများ(Khaosod)

ထိုင်းနိုင်ငံ၊အန်ထောင်ပြည်နယ်ထဲက အဝေးပြေးလမ်းမကြီးပေါ်မှာတွေ့ရှိတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံအတွင်းတရားမဝင်ခိုးဝင်မှုနဲ့ မနေ့က ဇန်နဝါရီ ၁၉ ရက် ည၁၁နာရီခွဲအချိန်မှာ ထိုင်းရဲတပ်ဖွဲ့နဲ့လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးလိုက်ပါတယ်။


မြန်မာ ၂၂ ဦးနဲ့ ပို့ဆောင်ပေးသူ ၃ ဦးကို ချိုင်ယိုးခရိုင်အတွင်းရှိ ချိုင်းယာရစ်အုပ်စု ကီလိုမီတာအမှတ် ၅၈ + ၁၀၀ အနီးရှိ ဘန်ကောက်ကိုဦးတည်နေတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာမောင်းနှင်လာတဲ့ ပစ်ကပ် ထရပ်ကား နှစ်စီးပေါ်ကနေဖမ်းမိခဲ့တာဖြစ်ပါတယ်။


အဲ့ဒီကားနှစ်စီးဟာ အရှိန်ပြင်းပြင်းမောင်းနှင်တဲ့အပြင် ရုတ်တရတ်လမ်းကြောင်းပြောင်းမောင်းနှင်ခြင်း၊ ပြတင်းမှန်တွေကို အမဲရောင်ဖုံးထားခြင်း ၊ အနောက်ဘက်မှာတာလပတ်တွေဖုံးအုပ်ထားခြင်း စတာတွေကြောင့် ရဲတပ်ဖွဲ့ကသံသယဖြစ် ဖမ်းဆီးခဲ့တာလို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။


ဖမ်းမိတဲ့ကားနှစ်စီးကိုစစ်ဆေးလိုက်ရာမှာ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် တရားဝင်ခရီးသွား စာရွက်စာတမ်းတွေမရှိတဲ့ မြန်မာ ၂၂ ဦးကိုတွေ့ခဲ့ရတာဖြစ်ပြီး သူတို့ဟာ မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံ ၊ချင်းရိုင်ပြည်နယ် မယ်ဆိုင်ခရိုင်ကိုလှေနဲ့ကူးဝင်ရောက်ခဲ့ပြီး ဘန်ကောက်ကို အလုပ်လုပ်ဖို့သွားကြမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းမှာအလုပ်လုပ်ဖို့အတွက်ကိုလည်း မြန်မာတစ်ယောက်ကို ဘတ် ၁၃၀၀၀နှုန်းနဲ့ ပွဲစားတွေကိုပေးခဲ့ရတာဖြစ်ပါတယ်။


လက်ရှိမှာတော့ မှောင်ခိုပို့ဆောင်တယ်လို့စွပ်စွဲခံထားရသူ ၃ ဦးကိုလည်း တရားမဝင် ဝင်ရောက်လာသူတွေကိုခိုလှုံခွင့်ပေးပြီးကူညီခဲ့ပေးခဲ့တဲ့အတွက် တရားစွဲဆိုထားပြီး ဖမ်းဆီးမိတဲ့ မြန်မာ ၂၂ ဦးကိုလည်း ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်းဝင်ရောက်နေထိုင်မှုနဲ့ တရားစွဲဖို့အတွက် ဖမ်းမိတဲ့ကားတွေနဲ့အတူ ချိုင်ရိုးရဲစခန်းကိုခေါ်ဆောင်သွားတယ်လို့ ထိုင်း Khaosodသတင်းမှာ ဖော်ပြထားပါတယ်။


ဒါပေမယ့် အဲ့ဒီဖြစ်စဉ်မှာထူးထူးခြားခြားအနေနဲ့ စစ်ဆေးနေချိန်အတွင်းမှာ ထိုင်းရဲတပ်ဖွဲ့ထဲက ရဲတပ်ကြပ်ကြီး ဝီချိုင်းတမ်ဆာမိုင်ရဲ့မွေးနေ့ဖြစ်တဲ့အတွက် ကျန်ရဲတပ်ဖွဲ့ဝင်တွေက မွေးနေ့ကိတ်ခွဲပေးနေချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့မြန်မာနိုင်ငံသားတွေကလည်း လက်ခုပ်တီးပြီး မွေးနေ့သီချင်း Happy Birthdayကိုအတူသီဆိုပေးခဲ့ကြတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းဌာနတွေကိုပြောခဲ့ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page