top of page

လေကြောင်းတိုက်ခိုက်ခံရပြီး ကျောက်ဆည်ခရိုင်တပ်ရင်း-၂က ရဲဘော်သုံးဦးကျဆုံး

  • Writer: BVJ
    BVJ
  • Mar 4
  • 1 min read

မိုနာ/BVJ_မတ် ၄၊ ၂၀၂၆

ကျောက်ဆည်ခရိုင် တပ်ရင်း-၂က ကျဆုံးရဲဘော်သုံးဦး
ကျောက်ဆည်ခရိုင် တပ်ရင်း-၂က ကျဆုံးရဲဘော်သုံးဦး

ပြည်သူကာကွယ်ရေးတပ်မတော်၊ကျောက်ဆည်ခရိုင်အမှတ်-၂ တပ်ရင်းက ရဲဘော် (၃)ဦးဟာ ရန်သူရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့တယ်လို့ တပ်ရင်းကထုတ်ပြန်ပါတယ်။


အခု မတ်လ ၂ရက်နေ့မှာကျဆုံးသွားတာဖြစ်ပြီး ကျဆုံးသွားသူတွေဟာ ဒုတပ်ခွဲမှူး ရဲဘော်ဂျိုကာ(ခ)ရင်သွေးအောင်နဲ့ တပ်သားနှစ်ယောက်ဖြစ်တဲ့ ရဲဘော်ဘဲကြီး(ခ)ရန်မျိုးနိုင်နဲ့ ရဲဘော်တော်ကီ(ခ)နေထက်လင်းတို့ဖြစ်ပါတယ်။


“ရန်သူရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တိုင်းပြည်နှင့်ပြည်သူလူထုအတွက် မြင့်မြတ်စွာကျဆုံးခဲ့ပါသည်”လို့ ကျောက်ဆည်ခရိုင်အမှတ်-၂တပ်ရင်းကပြောထားပါတယ်။


မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ စစ်အုပ်စုဂျက်ဖိုက်တာပေါ်ကနေကြဲချတဲ့‌ ဗုံးစထိမှန်ပြီး ရဲဘော်တွေကျဆုံးသွားရတာဖြစ်တယ်လို့ သိရပါတယ်။


ပြည်သူကာကွယ်ရေးတပ်မတော်၊ကျောက်ဆည်ခရိုင်အမှတ်-၂ တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတခုဖြစ်ပါတယ်။


လက်ရှိမှာ တကောင်းမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် တကောင်းနယ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်နေပြီး အဲ့ဒီတိုက်ပွဲအတွင်းမှာ NUGလက်အောက်ခံ အမှတ် ၁ စစ်ဒေသက ပြည်သူ့ကာကွယ်ရေးတပ်မတော်က မန္တလေးခရိုင် တပ်ရင်းတပ်ဖွဲ့တွေ၊ ကျောက်ဆည်ခရိုင်တပ်ရင်း၊ဒေသတွင်းပကဖတွေ ပူးပေါင်းတိုက်ခိုက်နေတယ်လို့သိရပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page