မဲဆောက်ဈေးမှာ မြန်မာဈေးသည်နှစ်ဦးရန်ဖြစ်ပြီးနောက် ထိုင်းအာဏာပိုင်တွေ ဝင်စစ်ဆေးနေ
- BVJ

- Aug 25
- 1 min read
BVJ/ဂျိုး- ဩဂုတ် ၂၅၊ ၂၀၂၅

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မဈေးမှာ မနေ့ကမနက်ပိုင်းက မြန်မာဈေးသည်အမျိုးသမီးနှစ်ဦးရန်ဖြစ်ခဲ့တာကြောင့် ထိုင်းအာဏာပိုင်တွေကဈေးအတွင်းဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေ ရှိနေပါတယ်။
မြန်မာရွေ့ပြောင်းဈေးသည်နှစ်ဦးဟာ အကြွေးတောင်းရာကနေရန်ဖြစ်ခဲ့ကြတာဖြစ်တယ်လို့ မဲဆောက်ဈေးက ဈေးသည်တစ်ဦးကပြောပါတယ်။
“ကြားတာကတော့ ငရုပ်သီးရောင်းတဲ့ဈေးသည်နှစ်ဦးပဲ။ တယောက်အကြွေးတောင်းတာ အဲမှာ ရန်ထဖြစ်တာက။ အဲ့တာကို ရဲတွေကဖြေရှင်းပေးလိုက်တယ်။ အဲ့တာကို မကျေနပ်တာနဲ့ ဒီကနေ့မနက်မှာ ပြန်ထပ်ဖြစ်ကြတာ”လို့ ပြောပါတယ်။
လက်ရှိမှာတော့ ထိုင်းအာဏာပိုင်တွေအနေနဲ့ မဲဆောက်မြို့မဈေးအတွင်းကို ဝင်ရောက် စစ်ဆေးနေတာတွေကြောင့် တချို့ဆိုင်ခန်းတွေကိုပိတ်သိမ်းတာရှိသလို တချို့ မြန်မာဈေး သည်တွေအနေနဲ့လည်း ဆိုင်ခန်းတွေကိုပိတ်ထားကြရတယ်လို့လည်း မြန်မာရွှေ့ပြောင်း ဈေး သည်တစ်ဦးကပြောပါတယ်။
“သူများနိုင်ငံမှာ လာနေပြီးတော့ အော်ကြီးဟစ်ကျယ်ရန်ဖြစ်ကြတာတော့ရှက်ဖို့ ကောင်း တယ်။ ငခုံးမတကောင်ကြောင့် တလှေလုံးပုပ်ဆိုသလိုပဲ ငါတို့လည်း အေးအေး ဆေးဆေးမနေရဘူး။ ရန်ဖြစ်တော့ရဲတွေရောက်လာတာ အခုငါတို့ဆိုင်တွေပါပိတ်ထား ရပြီ။ နောက်လည်း ဘယ်လိုဆက်ဖြစ်လာအုံးမလဲမသိဘူး”

လက်ရှိဈေးအတွင်းခိုက်ရန်ဖြစ်ပွားတာဟာ ဈေးလာဝယ်တဲ့ ထိုင်းနိုင်ငံသားတွေအတွက် လုံခြုံမှုမရှိသလို ခံစားနေရသလို မြန်မာရွေ့ပြောင်းလုပ်သားတွေအနေနဲ့ ထိုင်းနိုင်ငံသား တွေနဲ့ ထိုင်းနိုင်ငံကပြဌာန်းထားတဲ့ ဉပဒေတွေကို လေးစားလိုက်နာမှုမရှိဘူးလို့လည်း လူမှုကွန်ယက်တွေပေါ်မှာ ထိုင်းနိုင်ငံသားတွေ ရေးသားနေကြတာမျိုးလည်းရှိနေပါတယ်။
ဒါ့အပြင်မဲဆောက်မှာ မြန်မာတွေရွှေ့ပြောင်းလုပ်သားတွေ အရမ်းများလာတာကြောင့် ထိုင်းနိုင်ငံရေးသားတွေအတွက် လုံခြုံမှုကင်းမဲ့လာသလိုခံစားနေရပြီး ရွှေ့ပြောင်းမြန်မာလုပ်သားတွေအတွက် အာဏာပိုင်တွေအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေချမှတ်သင့်တယ်လို့လည်း ထိုင်အမျိုးသားတစ်ဦးက သူ့ရဲ့ လူမှုကွန်ယက်မှာရေးသားထားပါတယ်။

မဲဆောက်မြို့ဟာ မြန်မာနိုင်ငံနဲ့ အနီးကပ်ဆုံးနယ်စပ်မြို့နယ်တခုဖြစ်ပြီး မြန်မာရွှေ့ပြောင်း လုပ်သားတွေ သိန်းနဲ့ချီနေထိုင်တဲ့ မြို့တခုဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို ရွှေ့ပြောင်းလုပ်သားတွေ အချင်းချင်းခိုက်ရန်ဖြစ်ပွားတာတွေလည်းရှိနေပြီး ထိုင်းအာဏာ ပိုင်တွေအနေနဲ့ တောက်လျောက်စောင့်ကြည့်နေရတဲ့နေရာလည်း ဖြစ်ပါတယ်။
ပုံစာ- မဲဆောက်ဈေးအတွင်း ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးနေပုံ။







Comments