top of page

ထိုင်း အရပ်သားပစ်မှတ်တွေ ကို တိုက်ခိုက်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် တိုက်ရိုက်အမိန့်ပေးခဲ့သလား

  • Writer: BVJ
    BVJ
  • Jul 25
  • 1 min read

အေတီ/BVJ_၂၄ဇူလိုင်၊၂၀၂၅

ree

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် တရုတ်ပြည်ထွက်ပြေးသွားပြီဆိုတဲ့ သတင်းတွေထွက်လာပြီး နာရီပိုင်းအကြာမှာ ကမ္ဘောဒီယားစစ်တပ်ကို တိုက်ရိုက်အမိန့်ပေး ညွှန်ကြားနေတဲ့ပုံစံမျိုး ဓာတ်ပုံတွေ သူ့ဖေ့စ်ဘုခ် စာမျက်နာကနေ တင်လာတာတွေ့ရပါတယ်။


ဓာတ်ပုံတွေထဲမှာ မြေပုံကြည့်နေတဲ့ပုံတွေပါသလို သူ့သားဝန်ကြီးချုပ် ဟွန်မာနက်နဲ့အတူ ဗီဒီယိုခေါ်ဆိုမှုကနေတဆင့် စစ်ရေးစစ်ဆင်ရေးတွေကို ကြီးကြပ်ညွှန်ကြားနေတဲ့ ပုံလဲ ပါပါတယ်။

ree

ကမ္ဘောဒီးယားစစ်တပ်က အိမ်တွေ၊ ဆေးရုံတွေနဲ့ ဓာတ်ဆီဆိုင်တွေကို ကမ္ဘောဒီးယားစစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်မှုမှာ တာဝေးပစ်လက်နက်တွေ အသုံးပြုဖို့ နောက်ကွယ်ကဟွန်ဆန်အမိန့်ပေးနေတယ်လို့ ထိုင်းစစ်တပ်က ယူဆထားတဲ့အချက်ကို ဒီဓာတ်ပုံတွေကပိုအတည်ပြုပေးလိုက်သလိုဖြစ်သွားပါတယ်။


နေအိမ်တွေ၊ဆေးရုံတွေနဲ့ လောင်စာဆီဆိုင်တွေအပါအဝင် အရပ်သားတွေ ပစ်မှတ်ထားတိုက်ခိုက်မှု တာဝေးပစ်ဒုံးတွေ အသုံးပြုမှုရဲ့ နောက်ကွယ်မှာ ဟွန်ဆန်ကအမိန့်ပေးနေတာလို့ ထိုင်းစစ်တပ် ဗိုလ်ချုပ်ကြီး ဝိုင်ထိုင်ကလည်း စွပ်စွဲထားပါတယ်။

ree

ဒီနေ့မနက်ပိုင်းမှာ ကမ္ဘောဒီးယားက ထိုင်းနိုင်ငံဘက်ကို ဒုံးကျည်တွေအသုံးပြုပြီး အရပ်သားတွေ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား၁၁ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။


ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တလျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ဆူရင်Surin၊Ubon Ratchathaniအူဘွင်ရာချာတနီ၊ စီစကက် ‌ဒေသသုံးခုကလူတွေ ချက်ချင်းဘေးလွတ်ရာ ရွှေ့ပြောင်းကြ ဖို့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေး ဦးစီးဌာန (DDPM) က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။


ထိုင်း ကမ္ဘောဒီယားနယ်စပ် တိုက်ပွဲတွေနဲ့ အနီးဆုံးနေရာမှာရှိတဲ့နေရာတွေကို ထိုင်းစစ်တပ်က ဇွန်၇ရက်ကတည်းက မာရှယ်လော စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ စီစကက်ခရိုင် Kantharalak ဆေးရုံကို ယာယီပိတ်ထားလိုက်ပြီး ဆေးရုံမှာရှိတဲ့ လူနာ၁၇၀ကျော် ကိုလည်း ဘေးလွတ်တဲ့ အခြားနေရာတွေကို ပြောင်းရွှေ့ထား လိုက်ပြီလို့ သိရပါတယ်။


ပြီးတော့ အူဘွင်ရာချာတနီ၊ဆူရင်နဲ့ စီစကက် နယ်စပ်ဒေသ သုံးခုမှာ ရှိတဲ့ သဘာဝပတ်ဝန်းကျ င်ထိန်းသိမ်းရေး ပန်းခြံကြီး၆ခုမှာလည်း ထိုင်းစစ်တပ်စခန်းချဖို့ ပြင်ဆင်ထားပြီဖြစ်ပါတယ်။

ree

ကမ္ဘောဒီးယားရဲ့ တန်ပြန်တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့အတွက် ထိုင်းစစ်တပ်စခန်းချဖို့ အမျိုးသားဥယျာဉ်နယ် မြေတွေကို စစ်ဆင်ရေးအဖြစ် အသုံးပြုခွင့်ပေးထားတာဖြစ်ပါတယ်။


ကမ္ဘောဒီးယားတိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်ဖို့ မြေပြင်‌ကော‌ဝေဟင်ကပါ ထိုင်းစစ်တပ်က ပြင်ဆင်ထားပါတယ်။အရပ်သားရှိတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုမှာ အမိန့်ပေးတဲ့နေရာလို့ သတင်းရတဲ့ ကမ္ဘောဒီးယားစစ်ဌာနချုပ်ကိုလည်း ထိုင်းစစ်တပ်က F16 တိုက်လေယာဥ်တွေနဲ့ ဒီနေ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။


ဒီလေကြောင်းတိုက်ခိုက်မှုဟာ ကမ္ဘောဒီးယားဘက်က အရပ်သားပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ပြီး နာရီပိုင်းအကြာမှာဖြစ်ခဲ့တာပါ။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page