ကမ္ဘောဒီးယား ဒုံးကျည်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့သူတွေအတွက် ထိုင်းအစိုးရက လျော်ကြေးပေး
- BVJ
- Aug 4
- 1 min read
အေတီ/BVJ_ သြဂုတ် ၂၊ ၂၀၂၅

လတ်တလောဖြစ်ပွားခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲမှာ အသက်ပေးခဲ့ရတဲ့ အရပ်သားတွေအတွက် ထိုင်းအစိုးရကလျော်ကြေးငွေ ဘတ်၉သန်းကျော် ပေးအပ်ခဲ့ပါတယ်။
ဇူလိုင် ၂၄ရက်နေ့က ကမ္ဘောဒီးယားဘက်ကပစ်ခတ်မှုကြောင့် စီဆာခတ်ပြည်နယ် Kantharalak district ကန်သာရာလက်ခရိုင်က အရပ်သား ၉ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။
အသက်ဆုံးရှုံးခဲ့ရတဲ့သူ ကိုးဦးရဲ့မိသားစုတစ်စုချင်းစီဟာ လျော်ကြေးငွေ ဘတ် ၁သန်းစီအပြင် စျာပနစားရိတ်ဘတ် ၂၉၇၀၀ ပါရရှိမှာဖြစ်ပါတယ်။

ကမ္ဘောဒီးယားဘက်က ဒုံးကျည်နဲ့ပစ်ခတ်ခဲ့မှုဟာ 7-Eleven စတိုးဆိုင် တစ်ဆိုင်၊ ဓာတ်ဆီဆိုင်တဆိုင်နဲ့ အဲ့အနီးအနားက နေရာတွေကို ထိခိုက်ခဲ့ပါတယ်။
အသက်ပေးခဲ့ရတဲ့သူကိုးဦးထဲမှာ အသက် ၈ နှစ်ကလေးတစ်ဦးနဲ့ အသက် ၁၉ နှစ် မိန်းကလေးတစ်ဦးပါဝင်ပါတယ်။ လျော်ကြေးငွေပေးအပ်ပွဲ ကို ထိုင်းအစိုးရ ဒုတိယဝန်ကြီးချုပ် Prasert Jantararuangtong ကိုယ်တိုင် တက်ရောက်ပေးအပ်ခဲ့ပါတယ်။
Ref- Bangkok Post
Commentaires