ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ထိုင်းအရပ်သားခုနစ်ဦးစျာပန တော်ဝင်အခမ်းနားနဲ့ကျင်းပ
- BVJ
- Aug 4
- 1 min read
အေတီ/BVJ_သြဂုတ် ၃၊ ၂၀၂၅

မကြာသေးမီက ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ စီဆာကတ်ပြည်နယ်က အရပ်သားခုနှစ်ဦးရဲ့ စျာပနကို ဒီနေ့တနင်္ဂနွေမှာ တော်ဝင်အခမ်းအနားနဲ့ မီးသဂြိုလ်ကျင်းပခဲ့ပါတယ်။
ဒီနေ့ကျင်းပတဲ့ စျာပနအခမ်းအနားကို ထိုင်းပညာရေးဝန်ကြီး Narumon Pinyosinwat၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး Jiraporn Sindhupraiတို့ ဦးဆောင်တက်ရောက်ခဲ့ပါတယ်။

ဇူလိုင်၂၄ရက်နေ့ကစတင်ဖြစ်ပွားခဲ့တဲ့ ကမ္ဘောဒီးယားနဲ့စစ်ပွဲမှာ ထိုင်းစစ်သား ၁၅ ဦးလည်း အသက်ပေးခဲ့ရပြီး ထိုင်းစစ်သား ၅ ဦးစျာပနကိုလည်း တော်ဝင်အခမ်းအနားနဲ့ ဒီနေ့ကျင်းပပေးခဲ့ပါတယ်။
လတ်တလောဖြစ်ပွားခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယားတိုက်ပွဲမှာ အသက်ပေးခဲ့ရတဲ့ အရပ်သား ၉ ဦးအတွက် ထိုင်းအစိုးရက လျော်ကြေးငွေ ဘတ်၉သန်းကျော်ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။
ဇူလိုင်၂၄ရက်နေ့က ကမ္ဘောဒီးယားဘက်ပစ်ခတ်မှုကြောင့် အသက်ပေးခဲ့ရတဲ့သူတွေထဲမှာ အသက်၈နှစ်ကလေးတစ်ဦးနဲ့ အသက်၁၉နှစ် မိန်ကလေးတစ်ဦးပါဝင်ပါတယ်။
Ref and Photo- Thai Nation
Comentarios