ထိုင်း-ကမ္ဘောဒီးယား စစ်ပွဲ နောက်ဆုံးအခြေအနေ
- BVJ

- Jul 28
- 1 min read
BVJ_ဇူလိုင် ၂၇၊ ၂၀၂၅

ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ်တလျှောက် တိုက်ပွဲတွေဖြစ်ပွားမှုကြောင့် အခုအချိန်ထိ လူ ၃၃ ဦးအနည်းဆုံးသေဆုံးခဲ့ပြီး လူပေါင်း တစ်သိန်းခြောက်သောင်းရှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးကြရပါတယ်။
လက်ရှိမှာ ကမ္ဘောဒီးယားဘက်က ၁၃ ဦးသေဆုံးပြီး၊ ထိုင်းဘက်က သေဆုံးတဲ့အယောက် ၂၀ အများစုက အရပ်သားတွေဖြစ်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ရော ထိုင်းနိုင်ငံဝန်ကြီးချုပ်ကပါ အပစ်အခတ်ရပ်စဲရေး အမြန်လုပ်ကြဖို့ သဘောတူညီတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကပြာပါတယ်။ စစ်ပွဲအမြန်အဆုံးသတ်ကြဖို့ ကမ္ဘောဒီးယားနဲ့ ထိုင်း နှစ်နိုင်ငံခေါင်းဆောင် ဖုန်းခေါ် တိုက်တွန်းခဲ့ကြောင်း ဒေါ်နယ်ထရမ့်က သူ့ရဲ့ Truth လူမှုကွန်ယက် အကောင့်မှာတင်ထားပါတယ်။
ထိုင်းလေတပ်က ဆူရင်နဲ့ စူဆာခတ်ခရိုင် ဖူမာကူရာနဲ့တာမူရန်မှာရှိတဲ့ ကမ္ဘောဒီးယားစစ်ရေးပစ်မှတ်တွေကို အမေရိကန်ထုတ် f16 ဂျက်ဖိုက်တာ နှစ်စီး၊ဆွီဒင်နိုင် ငံထုတ် Saab JAS-39 Gripen ထုတ် ဂျက်ဖိုက်တာနှစ်စီး အသုံးပြုပြီး ဇူလိုင်လ ၂၆ရက်နေ့က တိုက်ခိုက်ခဲ့ပါတယ်။
မလေးရှားနိုင်ငံဟာ နှစ်နိုင်ငံနယ်စပ်ပဋိပက္ခအဆုံးသတ်သွားရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်ပေါ်လာဖို့ ကမ္ဘောဒီးယားနဲ့ ထိုင်းခေါင်းဆောင်တွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဒီနေ့ပြောကြားလိုက်ပါတယ်။







Comments