တိုက်ခိုက်မှုတွေဆက်လုပ်ပြီး အပစ်ရပ်သဘောတူညီချက်ကို ကမ္ဘောဒီးယားချိုးဖောက်နေဟု ထိုင်းစစ်တပ် ပြော
- BVJ

- Jul 29
- 1 min read
ယူဂရင်း/BVJ_ ဇူလိုင် ၂၉၊ ၂၀၂၅

တိုက်ခိုက်မှုတွေဆက်လုပ်ပြီး နှစ်နိုင်ငံအပစ်ရပ်သဘောတူညီချက်ကို ကမ္ဘောဒီးယားဘက်ကစတင်ချိုးဖောက်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ဒီနေ့ ဇူလိုင် ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။
ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့က မနေ့က ဇူလိုင် ၂၈ရက်နေ့လယ်က မလေးရှားနိုင်ငံ၊ကွာလာလမ်ပူရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ရဲ့အိမ်တော်မှာတွေ့ဆုံဆွေးနွေးပြီး ညသန်းခေါင်းမှာအပစ်ရပ်ဖို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီနောက် ထိုင်းဘက်ကအပစ်ရပ်ပေမယ့် ကမ္ဘောဒီးယားဘက်ကမရပ်ဘဲ သဘောတူညီချက်ကိုချိုးဖောက်ပြီး နိုင်ငံတကာစံနှုန်းတွေကိုလျစ်လျူရှုနေတာဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံအပစ်ရပ်သဘောတူညီချက်ကိုချိုးဖောက်တဲ့ ကမ္ဘောဒီးယားကိုရှုတ်ချပြီး နိုင်ငံတကာဥပဒေနဲ့အညီ ခုခံကာကွယ်ပိုင်ခွင့်ကိုကျင့်သုံးတုံ့ပြန်သွားမယ်လို့ ထိုင်းစစ်တပ်က ဒီနေ့မနက်မှာ ထုတ်ပြန်လာတာပါ။
"ကျနော်တို့ရပ်လိုက်ပေမယ့် သူတို့မရပ်ဘူး။ သဘောတူညီချက်ကို ကမ္ဘောဒီးယားကချိုးဖောက်တယ်။ နိုင်ငံတကာစံနှုန်းတွေကိုလျစ်လျူရှုပြီး ကမ္ဘာလုံးဆိုင်ရာကတိကဝတ်တွေကို မထီမဲ့မြင်ပြုနေတဲ့ ကမ္ဘောဒီးယားကဒေသတွင်းနဲ့ကမ္ဘာ့လုံခြုံရေးကိုခြိမ်းခြောက်နေတယ်ဆိုတာ ကမ္ဘာကသိသင့်ပါတယ်"လို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Vithai Laithomya က ဒီနေ့မနက်မှာ ပြောပါတယ်။

ထိုင်းစစ်တပ်ရဲ့အခုထုတ်ပြန်ချက်ပေါ်မှာ ကမ္ဘောဒီးယားဘက်ကတုန့်ပြန်ချက် ထွက်လာတာတော့ မတွေ့ရသေးပါဘူး။
ထိုင်း- ကမ္ဘောဒီးယား နှစ်နိုင်ငံအပစ်ရပ်ရေးဆွေးနွေးမှု ဒုတိယနေ့အဖြစ် ဒီနေ့မနက်မှာ ဆက်လုပ်သွားဖို့ရှိနေတယ်လို့လည်း ထိုင်းသတင်းတွေဖော်ပြချက်အရသိရပါတယ်။
ဓါတ်ပုံ- Thai PBS News







Comments