top of page

ထိုင်းနဲ့ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့ မလေးရှားမှာ ဒီနေ့တွေ့ဆုံဆွေးနွေးဖို့ရှိ

  • Writer: BVJ
    BVJ
  • Jul 28
  • 1 min read

အေတီ/BVJ-ဇူလိုင် ၂၈၊ ၂၀၂၅

ree

မလေးရှားရဲ့ကြားဝင်ဖျန်ဖြေမှုကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်နှစ်ဦးဟာ မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့မှာ ဒီနေ့တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။


ထိုင်းယာယီဝန်ကြီးချုပ် Phumtham Wechayachaiနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ဟာ ဒီနေ့မှာမလေးရှားနိုင်ငံကို လေယာဥ်နဲ့လာပြီး နှစ်နိုင်ငံကြားဖြစ်ပွားနေတဲ့ နယ်စပ်ပဋိပက္ခအမြန်ဆုံးပြေလည်ရေးအတွက် ဆွေးနွေးညှိနှိုင်းကြဖို့ရှိတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က အတည်ပြုပါတယ်။


“ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကျွန်တော်စကားပြောခွင့်ရခဲ့ပါတယ်။သူတို့နှစ်ဘက်လုံးက ဒီကိစ္စမှာမလေးရှားနိုင်ငံကိုပဲ ကြားဝင်ဖြန်ဖြေသင့်တယ်လို့ယူဆတဲ့အတွက် ကြားဝင်ညှိနှိုင်းပေးတဲ့သူအဖြစ် ကျွန်တော်ဝင်ပါရတာဖြစ်ပါတယ်"


ထိုင်းနိုင်အရှေ့မြောက်ပိုင်း ခရိုင်လေးခုက ဆေးရုံတွေနဲ့ လူနေရပ်ကွက်တွေကိုကမ္ဘောဒီးယားကဆက်လက်တိုက်ခိုက်နေတဲ့အတွက် စစ်အရှိန်မြင့်လာတဲ့အတွက် နှစ်ဖက်အရှိန်အမြန်လျော့ကျသွားအောင် အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်နဝါရီ ကိုယ်တိုင်ကလည်းကြိုးစားနေပါတယ်။


စနေနေ့က အမေရိကန်သမ္မဒေါ်နယ်ထရမ့်နဲ့ ဖုန်းပြောပြီးနောက် ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်ဖက်လုံးက မူအားဖြင့် အပစ်အခတ်ရပ်စဲရေးဖို့ သဘောတူထားပေမယ့် မြေပြင်မှာတော့ တိုက်ပွဲကဆက်ပြီးပြင်းထန်နေပါတယ်။ အပြင်မှာ အပစ်အခတ်ရပ်စဲရေးအမြန်လုပ်ချင်တယ်လို့ ကမ္ဘောဒီးယားကပြောနေပေမယ့် လက်တွေ့မှာတော့ အမှန်တကယ်ဆန္ဒမရှိဘူးလို့ ထိုင်းအစိုးရဘက်က ထောက်ပြနေပါတယ်။


ပြီးခဲ့တဲ့ကြာသပတေးနေ့ကစတင်ဖြစ်ပွားတဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခဟာ ဆယ်စုနှစ်တခုကျော်အတွင်း အဆိုးရွားဆုံးပြင်းထန်တဲ့အခြေအနေဖြစ်လာပါတယ်။ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပြီး လေးရက်အကြာမှာ ထိုင်းအရပ်သား ၁၃ဦးနဲ့ကမ္ဘောဒီးယား ရှစ်ဦးအပါအဝင် သေဆုံးသူဦးရေ ၃၀ ကျော်ထိရှိသွားပြီဖြစ်ပါတယ်။ပြီးတော့ နှစ်နိုင်ငံနယ်စပ်ဒေသက အရပ်သား နှစ်သိန်းကျော်ဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။


REF- Thai TBS


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page