ကမ္ဘောဒီးယားနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကို ထိုင်းဘက်က ယာယီရပ်ဆိုင်း
- BVJ

- Nov 11
- 1 min read
အေတီ/BVJ_နိုဝင်ဘာ ၁၀၊ ၂၀၂၅

ကမ္ဘောဒီးယားနိုင်ငံနဲ့သဘောတူထားတဲ့ “ငြိမ်းချမ်းရေး သဘောတူညီချက်” အကောင်အထည်ဖော်မှုကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ထိုင်းနိုင်ငံက ဒီနေ့ ထုတ်ပြန်ပါတယ်။ကမ္ဘောဒီးယားနယ်စပ် ဆီစကက်ပြည်နယ်မှာ မြေမြှပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုင်းစစ်သားအချို့ဒဏ်ရာရခဲ့ပြီးနောက် ဒီရပ်ဆိုင်းတဲ့ အမိန့်ထွက်ပေါ်လာတာပါ။
နှစ်နိုင်ငံငြိမ်းချမ်းရေးသဘောတူညီချက်စာချုပ် လက်မှတ်ထိုးပွဲကို အောက်တိုဘာ လ၂၆ရက်နေ့မှာ မလေးရှားနိုင်ငံမှာကျင်းပခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။
လူ ၄၀ ကျော်အထိသေဆုံးခဲ့တဲ့ နယ်စပ်ပဋိပက္ခအဆုံးသတ်ရေးအတွက်ရည်ရွယ်ထားတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကို သူတို့အနေနဲ့ဆက်ပြီးလိုက်နာသွားမယ်လို့ ကမ္ဘောဒီးယားအစိုးရဘက်က ပြောပါတယ်။
ကင်းလှည့်တဲ့အချိန်မှာမြေမြှုပ်မိုင်းပေါက်ကွဲခဲ့တဲ့အတွက် ထိုင်းစစ်သားအချို့ဒဏ်ရာရပြီး၊ တစ်ယောက်ခြေထောက်ပြတ်သွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြထားပြီး ထိုင်းဝန်ကြီးချုပ် အနုထင်ကိုယ်တိုင် ဒဏ်ရာရထားတဲ့စစ်သားတွေကို မနက်ဖြန်သွားကြည့်မယ်လို့ သိရပါတယ်။
ဇူလိုင်လမှာဖြစ်ပွားခဲ့တဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံကြား နယ်စပ်အငြင်းပွားမှုကနေ လူ ၄၃ဦးအနည်းဆုံးသေဆုံးခဲ့ပြီး လူ၃သိန်းကျော်အိုးအိမ်စွန့် ထွက်ပြေးခဲ့ရပါတယ်။
မလေးရှားမှာလက်မှတ်ထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အရ ထိုင်းက ကမ္ဘောဒီးယားစစ်သား ၁၈ဦးကိုပြန်လွှတ်ပေးရမှာဖြစ်ပြီး နှစ်ဖက်လုံးက နယ်စပ်ဒေသမှာချထားတဲ့ လက်နက်ကြီးတွေနဲ့မြေမြှပ်မှိုင်းတွေကို ဖယ်ရှားပေးရမှာဖြစ်ပါတယ်။







Comments