F16တိုက်လေယာဥ်တွေနဲ့ ကမ္ဘောဒီးယားဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဓာတ်ပုံတွေ ထိုင်းစစ်တပ်ထုတ်ပြန်
- BVJ
- Jul 25
- 1 min read
အေတီ/ BVJ_ဇူလိုင် ၂၄၊ ၂၀၂၅

ထိုင်းဘုရင့် လေတပ်က F-16 ဂျက်ဖိုက်တာလေယာဥ်တွေနဲ့ ကမ္ဘောဒီးယားစစ်ဌာနချုပ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဓါတ်ပုံတွေကို ဒေသဆိုင်ရာအမှတ်(၂)ထိုင်းကြည်းတပ်က ထုတ်ပြန်ပါတယ်။
ထိုင်းလေတပ် F-16 ဂျက်ဖိုက်တာလေယာဥ်တွေ အဓိက ပစ်မှတ်ထားတိုက်ခိုက်တဲ့နေရာတွေက
ထိုင်းအရပ်သားတွေရှိတဲ့နေရာတွေကို အမြောက်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ကမ္ဘောဒီးယား အမှတ် ၈နဲ့၉ ထောက်ကူ ခြေလျင်တပ်ဌာနချုပ်နေရာတွေဖြစ်ပါတယ်။

F-16 တိုက်လေယာဉ် ခြောက်စင်းက ကြာသပတေးနေ့ မနက်ပိုင်းမှာ ကမ္ဘောဒီးယား စစ်ဘက်ဆိုင်ရာပစ်မှတ်နှစ်ခုကိုတိုက်ခိုက်ခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော် လက်ထောက်ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီး Ritcha Suksuwanonက သတင်းထောက်တွေကို အတည်ပြုပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုဟာ ကမ္ဘောဒီးယားဘက်က ထိုင်းနိုင်ငံ၊အရှေ့မြောက်ပိုင်း ဆူရင်ပြည်နယ်ထဲက ထိုင်းစစ်တပ်အခြေစိုက်စခန်းတစ်ခုကို ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ပြီး နာရီပိုင်းအကြာမှာဖြစ်ပွားခဲ့တာပါ။
ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
Comments