top of page

F16တိုက်လေယာဥ်တွေနဲ့ ကမ္ဘောဒီးယားဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဓာတ်ပုံတွေ ထိုင်းစစ်တပ်ထုတ်ပြန်

  • Writer: BVJ
    BVJ
  • Jul 25, 2025
  • 1 min read

အေတီ/ BVJ_ဇူလိုင် ၂၄၊ ၂၀၂၅

ထိုင်းဘုရင့် လေတပ်က F-16 ဂျက်ဖိုက်တာလေယာဥ်တွေနဲ့ ကမ္ဘောဒီးယားစစ်ဌာနချုပ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဓါတ်ပုံတွေကို ဒေသဆိုင်ရာအမှတ်(၂)ထိုင်းကြည်းတပ်က ထုတ်ပြန်ပါတယ်။


ထိုင်းလေတပ် F-16 ဂျက်ဖိုက်တာလေယာဥ်တွေ အဓိက ပစ်မှတ်ထားတိုက်ခိုက်တဲ့နေရာတွေက

ထိုင်းအရပ်သားတွေရှိတဲ့နေရာတွေကို အမြောက်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ကမ္ဘောဒီးယား အမှတ် ၈နဲ့၉ ထောက်ကူ ခြေလျင်တပ်ဌာနချုပ်နေရာတွေဖြစ်ပါတယ်။

F-16 တိုက်လေယာဉ် ခြောက်စင်းက ကြာသပတေးနေ့ မနက်ပိုင်းမှာ ကမ္ဘောဒီးယား စစ်ဘက်ဆိုင်ရာပစ်မှတ်နှစ်ခုကိုတိုက်ခိုက်ခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော် လက်ထောက်ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီး Ritcha Suksuwanonက သတင်းထောက်တွေကို အတည်ပြုပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုဟာ ကမ္ဘောဒီးယားဘက်က ထိုင်းနိုင်ငံ၊အရှေ့မြောက်ပိုင်း ဆူရင်ပြည်နယ်ထဲက ထိုင်းစစ်တပ်အခြေစိုက်စခန်းတစ်ခုကို ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ပြီး နာရီပိုင်းအကြာမှာဖြစ်ပွားခဲ့တာပါ။


ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page