top of page

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက သူ့နေရာဆက်ခံမယ့်သူလို့ တစ်ပြေးနေတဲ့သမီးဖြစ်သူကို ဘေဂျင်းမှာပွဲထုတ်လာ

  • Writer: BVJ
    BVJ
  • Sep 3
  • 1 min read

BVJ_ စက်တင်ဘာ ၃၊ ၂၀၂၅

ree

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ သမီးဖြစ်သူ ကင်ဂျူအိုင်းနဲ့အတူ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်းနှစ်၈၀ပြည့် အခမ်းအနားတက်ရောက်ဖို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာရောက်ရှိနေပြီဖြစ်ပါတယ်။


မြောက်ကိုရီးယားခေါင်းဆောင် ရာထူးဆက်ခံမယ့်သူလို့ခန့်မှန်းနေကြတဲ့ ကင်ဂျူအိုင်းဟာ တရုတ်ပြည်ခရီးစဥ်ကို သူ့အဖေနဲ့အတူပထမအကြိမ်လိုက်ပါတာလို့သိရပြီး ဘေးဂျင်းရထားဘူတာမှာ မြောက်ကိုရီးယားကလာတဲ့ ကျည်ကာရထားပေါ်ကဆင်းလာတဲ့ ဓာတ်ပုံထဲမှာတွေ့ရပါတယ်။


တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီက ကင်ဂျူအိုင်းကို ကင်ဂျုံအွန်းရဲ့မြောက်ကိုရီးယားခေါင်းဆောင် ရာထူးနေရာဆက်ခံမယ့်သူအဖြစ် ခန့်မှန်းထားပါတယ်။

လက်ရှိမှာကင်ဂျူအိုင်းရဲ့ အသက်က ၁၂နှစ်သာရှိသေးတယ်လို့ သိရပါတယ်။

ree

ကင်ဂျုံအန်းက သူ့သမီးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ရှေ့မှာ လက်တွဲဓာတ်ပုံရိုက်ပြီး ပွဲစထုတ်လာတာတွေ့ရပါတယ်။

အဲ့ဒီကစပြီး မြောက်ကိုရီးယားအစိုးရပိုင် မီယာတွေမှာ ကင်ဂျူအွန်းကိုသူ့ဖခင်ဘေးမှာ သိသိသာသာ တောက်လျှောက်တွေ့လာရပါတယ်။


ဒီနေ့ ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့် ဒုတိယကမ္ဘာစစ် "အောင်ပွဲနေ့" ချီတက်ပွဲကို တရုတ်သမ္မတရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ တခြားကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ ကင်ဂျူံအန်းလည်းတက်ရောက်မှာဖြစ်ပါတယ်။


ဓာတ်ပုံ_ Xinhua ၊ KCNA


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page