တိုက်ပွဲမှာမသေဘဲ အသက်ရှင်နေကြောင်း ထိုင်းနယ်မြေမှူး ထွက်ရှင်း
- BVJ

- Jul 28
- 1 min read
ယူဂရင်း/BVJ_ ဇူလိုင် ၂၈၊ ၂၀၂၅

အမှတ် ၂ စစ်နယ်မြေ စစ်ဦးစီးအရာရှိ ဒုတိယဗိုလ်ချုပ်ကြီး Boonsin Padklangဟာ ထိုင်းနဲ့ကမ္ဘောဒီးယား တိုက်ပွဲအတွင်းသေဆုံးသွားပြီဆိုပြီး သတင်းတွေထွက်ပေါ်လာပြီးနောက်မှာ သူမသေဘဲ အသက်ရှင်နေကြောင်းကို ကာယကံရှင် ဒုဗိုလ်ချုပ်ကြီးကထွက်ရှင်းလာပါတယ်။
သူသေသွားပြီဆိုတဲ့သတင်းဟာ ထိုင်းစစ်သားတွေစိတ်ဓါတ်စစ်ဆင်ရေးလုပ်ဖို့အတွက် ကမ္ဘောဒီးယားဘက်က သတင်းမှားဖြန့်နေတာဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်ဒီမှာရှိနေပါတယ်”ဆိုပြီး Boonsin Padklangကပြောထားပြီး ရှေ့တန်းစစ်မြေပြင်မှာ ဆက်လက်ကွပ်ကဲနေကြောင်းကိုလည်း ဒီနေ့ ဇွန် ၂၈ရက်မှာ ပြောလာပါတယ်။
သေဆုံးသွားပြီး RIP Boonsin Padklang ဆိုတဲ့ဓါတ်ပုံတွေနဲ့အတူ ထိုင်းစစ်သားတွေကကိုင်ဆောင် ဆုတောင်းပေးထားတဲ့ဓါတ်ပုံတွေ လူမှုကွန်ရက်မှာပေါ်ထွက်လာတာပါ။
နှစ်နိုင်ငံနယ်စပ်ပိုင်ဆိုင်မှုအငြင်းပွားမှုနဲ့ ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲဟာ အခုလ ၂၄ရက်မှာစတင်ခဲ့ပြီး တိုက်ပွဲအတွင်းကလေးငယ်တွေအပါအဝင် သေဆုံးသူသုံးဆယ်ကျော်ရှိခဲ့ပါတယ်။
နှစ်ဖက်ပြဿနာနဲ့ပတ်သက်ပြီး မလေးရှားရဲ့ကြားဝင်ဖျန်ဖြေပေးမှုနဲ့ ထိုင်းနဲ့ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှစ်ဦးဟာ မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့မှာ ဒီနေ့တွေ့ဆုံဆွေးနွေးသွားဖို့ရှိပါတယ်။
ကိုးကား- Khaosod







Comments