ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်ကုန်းတခုကို ထိုင်းစစ်တပ် သိမ်းပိုက်
- BVJ

- Jul 28
- 1 min read
အေတီ/BVJ_ဇူလိုင် ၂၆၊ ၂၀၂၅

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ စီစကက်ပြည်နယ်ထဲက မဟာဗျူဟာကျတဲ့ ဖူမာကူရာတောင်ကုန်းကို ထိုင်းစစ်တပ်က သိမ်းပိုက်ထားလိုက်ပြီဖြစ်ပါတယ်။
ဖူမာကူရာတောင်ဟာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကအငြင်းပွားနေတဲ့ ပရိဝိဟာ ဟိန္ဒူဘုရားကျောင်းရဲ့ အနောက်ဘက်မှာရှိတယ်လို့ သိရပါတယ်။
တောင်းကုန်းသိမ်းပိုက်တဲ့ထိုးစစ်ကို မနေ့ညနေပိုင်း ၇နာရီထိုးခါနီးက စတင်ခဲ့ပြီး အာရုဏ်မတက်မီက ကမ္ဘောဒီးယားတပ်တွေလက်ထဲက သိမ်းပိုက်နိုင်လိုက်တာဖြစ်ပါတယ်။
ဒီနေ့စနေနေ့ မနက် ၃နာရီမိနစ်၃၀မှာ ကမ္ဘောဒီးယားတပ်တွေက ဖူမာကူတောင်ကုန်း ပြန်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်ခဲ့ပေမယ့် ထိုင်းတပ်က ပြန်တိုက်ထုတ်နိုင်ခဲ့ပါတယ်။ မနက်၈နာရီ၄၅အထိ ဖူမာကူတောင်ကုန်းကို ထိုင်းစစ်တပ်က သိမ်းပိုက်ထားနိုင်ဆဲဖြစ်ပြီး ထိုင်းစစ်သားတွေက နိုင်ငံတော်အလံလွှင့်ထူ၊ နိုင်ငံတော်သီချင်းသီဆိုနေတဲ့ဓာတ်ပုံတွေ အွန်လိုင်းပေါ်တင်နေကြပါတယ်။
ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးပြီး လက်နက်ခဲယမ်းမီးကျောက်အများအပြားကို ထိုင်းစစ်တပ်က သိမ်းဆည်းရမိခဲ့ပါတယ်။ ထိုင်းတပ်ဖွဲ့ဝင်တွေက တောင်ထိပ်ဧရိယာ ၈၀ ရာခိုင်နှုန်းခန့်ကို ရှင်းလင်းပြီး ကမ္ဘောဒီးယားစစ်တပ်က အသုံးပြုနေတဲ့ ရေဒါမျှော်စင်၊ ကေဘယ်ကားတွေကို ဖျက်ဆီးပစ်ဖို့ စီစဥ်နေတယ်လို့သိရပါတယ်။
ပုံစာ- ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကမ္ဘောဒီးယားနယ်စပ်က ဖူမာကူရာတောင်ထိပ်မှာ ထိုင်းနိုင်ငံ လွှင့်ထူထား







Comments