ထိုင်းနဲ့ကမ္ဘောဒီးယားပစ်ခတ်မှုအတွင်း ၈နှစ်ကလေးငယ်အပါအဝင် အရပ်သား ၉ ဦးအထိသေဆုံးသူရှိလာ
- BVJ

- Jul 25
- 1 min read
BVJ/ ယူဂရင်း ၊ ဇူလိုင် ၂၄၊ ၂၀၂၅

ကမ္ဘောဒီးယားဘက်ကနေ ဒီနေ့ပစ်ခတ်မှုတွေကြောင့် မိခင်နဲ့ကလေးအပါအဝင် အရပ်သား ၉ ဦးအထိ သေဆုံးခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
ကမ္ဘောဒီးယားဘက်ကပစ်လိုက်တဲ့ BM-21 ဒုံးကျည်ဟာ ဆိုင်စကတ်ပြည်နယ်၊ ကန်ထာလတ်ခရိုင်အတွင်းက PTT ဓာတ်ဆီဆိုင်ရှိ 7 elevenကိုကျရောက်ခဲ့ရာကနေ မိခင်နဲ့ကလေးအပါအဝင် ၆ဦးသေဆုံးသွားတာဖြစ်ပြီး ၁၀ဦးဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဆေးရုံကိုပို့ဆောင်ချိန်မှာ နောက်ထပ် သေဆုံးသူတွေရှိတယ်လို့ သိရပါတယ်။

နောက်ထပ်ပစ်ခတ်မှုတွေအတွင်းမှာလည်း သေဆုံးသူတွေရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၉ဦးနဲ့ ဒဏ်ရာ ရသူ ၁၇ ဦးရှိခဲ့ကြောင်းနဲ့ သေဆုံးသူတွေထဲမှာ ၈နှစ်ကလေးငယ်ပါဝင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ နယ်စပ်အငြင်းပွားမှုပြဿနာကြောင့် ဒီနေ့မနက်ပိုင်းမှာ ပစ်ခတ် စတင်ဖြစ်ပွားတာဖြစ်ပြီး ပစ်ခတ်မှုအတွင်း လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှု တွေပါ ဝင်ခဲ့ပါတယ်။


ကမ္ဘောဒီးယားဘက်ကတော့ အရပ်သားသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရမှုအခြေအနေတွေကို ထုတ်ပြန်လာတာမျိုးမရှိသေးပေမယ့် ထိုင်းနိုင်ငံကအင်အားအလွန်အကျွံအသုံးပြုတယ်ဆိုပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီခေါ်ယူဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယားဝန်ကြီးချုပ်က လက်နက်ကိုင်ကျူး ကျော်မှုတွေကို ခုခံကာကွယ်ရန်ဖို့ကလွဲပြီး ကမ္ဘောဒီးယားမှာ အခြားရွေးချယ်စရာမရှိဘူးလို့ သူ့ရဲ့လူမှုကွန်ရက်ကနေရေး သားခဲ့ပါသေးတယ်။
ဓါတ်ပုံ- Thai PBS News







Comments