ကုလလုံခြုရေးကောင်စီ ဝင်ပါပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တောင်းဆို
- BVJ

- Jul 25
- 1 min read
အေတီ/BVJ_ ဇူလိုင် ၂၄၊ ၂၀၂၅

ထိုင်းနိုင်ငံရဲ့ ရန်လိုတိုက်ခိုက်မှုကြောင့် ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်ခံလာရတဲ့ အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အရေးပေါ်အစည်းအဝေးခေါ် ပြီး ဝင်ပါပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က စာရေးတောင်းဆိုထားပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ၂၀၂၅ခုနှစ် ဇူလိုင်လအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌ တာဝန်ယူထားတဲ့ ပါကစ္စတန်သံအမတ်ကြီး Asim Iftikhar Ahmad ထံလိပ်မှုပြီး စာပေးပို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဌထံလိပ်မှုပေးပို့ထားတဲ့ အဲ့ဒီစာထဲမှာ ထိုင်းနိုင်ငံဘက်က ကမ္ဘောဒီးယားနိုင်ငံဘက်ကို ဒီနေ့မနက်အစောပိုင်းမှာ တိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့တာကို အသေးစိတ်ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံရဲ့ တိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေ၊ ကုလသမဂ္ဂနဲ့အာဆီယံ ပဋိညာဉ်စာတမ်းတွေမှာဖော်ပြထားတဲ့ အခြေခံမူတွေကိုပါ ချိုးဖောက်ရာရောက်တယ်လို့ အထက်ပါစာထဲမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ရေးထားပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တွေက နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမရေး၊မိမိကိုယ် မိမိခုခံကာကွယ်ရေးအတွက် အသားပေး လုပ်ဆောင်ခဲ့တယ်ဆိုတဲ့အချက်ကိုလဲ အထူးပြုပြီး စာထဲမှာထည့်ရေးထားပါတယ်။
အထက်ပါစာထဲမှာ ထိုင်းနိုင်ငံအနေဖြင့် “ရန်လိုမှုများအားလုံးကို ချက်ချင်းရပ်တန့်ရန်၊ ထိုင်းတပ်တွေကို နယ်စပ်ကနေခွာဖို့ဆိုတဲ့ တောင်းဆိုမှုတွေလဲပါဝင်ပါတယ်။
၂၀၂၅ခုနှစ် မေလကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ နှစ်နိုင်ငံကြား နယ်နမိတ်အငြင်းပွားမှုကိစ္စဟာ ဒီနေ့မနက်အစောပိုင်းကဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် အမြင့်ဆုံးအဆင့်တင်းမာမှုဖြစ်လာခဲ့ပါတယ်။
ထိုင်း ယာယီဝန်ကြီးချုပ် Phumtham Wechayachaiက ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၁၁ ဦးထက်မနည်း သေဆုံးခဲ့တာကို ရှုံ့ချကန့်ကွက်ခဲ့ပါတယ်။
ပုံစာ- ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကို ယခင် ကုလသမဂ္ဂအစည်းအဝေးတစ်ခုမှာ တွေ့ရစဥ်







Comments