စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီး အနုထင် ချန်ဝီရကူ ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရ
- BVJ

- Sep 8
- 1 min read
အေတီ/BVJ_စက်တင်ဘာ ၆၊ ၂၀၂၅

ထိုင်းလွှတ်တော်က ဘွန်ဂျိုင်ထိုင်းပါတီခေါင်းဆောင် စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီး အနုထင် ချန်ဝီရကူ ကို ထိုင်းနိုင်ငံရဲ့ ၃၂ ဦးမြောက်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြောက်လိုက်ပါပြီ။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ရာထူးကထုတ်ပယ်လိုက်တဲ့ဖွေထိုင်းပါတီခေါင်းဆောင် ပေတုန်တင်ရှင်နာဝပ်နေရာမှာ အနုထင်ချန်ဝီရကွန်က ၂နှစ်အတွင်း တတိယမြောက်ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရေးလောကမှာ ကြွယ်ဝချမ်းသာဆုံး၊ရှေးရိုးဆန်ပြီး ဘုရင်စနစ်ကိုအပြည့်အဝထောက်ခံတဲ့ အနုထင်ဟာ ထိုင်းနိုင်ငံတွင်းမှာဆေးခြောက်တရားဝင်သုံးစွဲခွင့်ရအောင် လုပ်ဆောင်ခဲ့မှုနဲ့ပတ်သက်ပြီး သူ့ကိုလူသိများပါတယ်။

ဘမ်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုထင်ဟာ ထိုင်းနိုင်ရဲ့အဓိကအတိုက်အခံပါတီဖြစ်တဲ့ လစ်ဘရယ်ပြည်သူ့ပါတီရဲ့ထောက်ခံမှုနဲ့ ဖွေထိုင်းပါတီက ကိုယ်စားလှယ်ကိုအနိုင်ယူပြီး ဝန်ကြီးချုပ်ဖြစ်လာတာပါ။
လွှတ်တော်မှာမဲပေးခွင့်ရှိတဲ့ ကိုယ်စားလှယ် ၄၉၂ ဦးမှာ အနုထင်ချန်၀ီရကွန်က ထောက်ခံမဲ ၃၁၁၊ ဖွေထိုင်းပါတီက ကိုယ်စားလှယ်က (၁၅၂)မဲသာရတဲ့ အတွက် ဘမ်ဂျိုင်ထိုင်းပါတီဦးဆောင်ပြီး အစိုးရဖွဲ့ခွင့်ရသွားပါတယ်။
ထိုင်းလွှတ်တော်ထဲမှာအင်အားအကြီးဆုံးပါတီ လစ်ဘရယ်ပြည်သူ့ပါတီရဲ့ထောက်ခံမှုရဖို့ အနူထင်က လာမယ့်လေးလအတွင်း အထွေထွေရွေးကောက်ပွဲကျင်းပပေးမယ်လို့ကတိပေးထားတဲ့အတွက် လေးလအတွင်း ရွေးကောက်ပွဲပြုလုပ်ပေးရမှာပါ။
ထိုင်းဘုရင် မဟာဗီဂျီယာလောင်ကွန်က တရားဝင်အသိမှတ်ပြုခန့်အပ်ပြီးရင် အနုထင်နဲ့သူ့အစိုးရအဖွဲ့ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ စတင်ပြီးတော့တရားဝင်တာဝန်ယူတော့မှာဖြစ်ပါတယ်။
ချမ်းသာတဲ့မိသားစုကလာတဲ့ အနူထင် ချန်ဗီရာကူဟာ ထိုင်းနိုင်ငံရေးသမားတွေထဲမှာ အချမ်းသာဆုံးသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကြွယ်ဝမှုက ၄.၄၁ဘီလျံ ဘတ် ရှိပါတယ်။
အသက်၅၈နှစ် အနုထင်ဟာ ဒုတိယဝန်ကြီးချုပ်၊ပြည်ထဲရေးဝန်ကြီးနဲ့ ကျန်းမာရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့အပြင် ၂၀၂၂ခုနှစ်က ထိုင်းနိုင်ငံမှာ ဆေးခြောက်တရားဝင်သုံးစွဲခွင့်ရဖို့ကိစ္စမှာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။







Comments