top of page

ထိုင်းဝန်ကြီးချုပ်သစ် အနုထင် အမေရိကန်ဒေါ်လာ ၁၂၃သန်း နီးပါးတန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေ ချပြ

  • Writer: BVJ
    BVJ
  • Sep 10, 2025
  • 1 min read

အီးကေ/BVJ_စက်တင်ဘာ ၉၊၂၀၂၅

ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူဟာ ဘန်ကောက်မြို့မှာရှိတဲ့ သူ့ရဲ့ဇိမ်ခံအိမ်၊ စပိဘုတ်နှစ်စင်း၊ ကိုယ်ပိုင်ဂျက်လေယာဥ်သုံးစင်းတို့အပါအဝင် ၃.၉ ဘီလီယံဘတ်နဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာ၁၂ ၃သန်းနီးပါးတန်ဖိုးရှိတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို တရားဝင်ချပြလိုက်ပါတယ်။


ဆောက်လုပ်ရေးလုပ်ငန်းရှင်သူဌေးကြီးဖြစ်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် အနုထင်ရဲ့ပိုင်ဆိုင်မှုတွေထဲမှာ ငွေသားချည်းပဲ ၁.၀၉ဘီလျံဘတ်နဲ့တန်ဖိုးညီမျှတဲ့ အမေရိကန်‌ ဒေါ်လာ၃၄သန်းကျော်ရှိပြီး၊ ဘဏ်စာရင်း နှစ်ဒါဇင်ကျော်ထဲမှာရှိတဲ့ ငွေတွေလည်းပါဝင်ပါတယ်။


အသက် ၅၈နှစ် လုပ်ငန်းရှင်သူဌေးကြီးအနုထင်ဟာ အစိုးရအရာရှိတွေအားလုံး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံချပြဖို့လိုအပ်မှုအတိုင်း သူ့ရဲ့ ကြွယ်ဝမှုတွေကို ဒီနေ့ အင်္ဂါနေ့မှာချပြခဲ့တာဖြစ်ပါတယ်။


ထိုင်းလွှတ်တော်ထဲမှာ တတိယအင်အားကြီးဆုံးပါတီ ဘွန်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ရာထူးကထုတ်ပယ်လိုက်တဲ့ ဖွေထိုင်းပါတီခေါင်းဆောင်ပေတုန်တင်ရှင်နာဝပ်နေရာမှာ ၃၂ဦးမြောက် ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။


ထိုင်းလွှတ်တော်ထဲမှာ အင်အားအကြီးဆုံး အတိုက်အခံပါတီ ပြည်သူ့ပါတီရဲ့ထောက်ခံမဲပေးမှု ကြောင့် အနုထင် ဝန်ကြီးချုပ်ရာထူးရခဲ့တာဖြစ်ပြီး ပြည်သူ့ပါတီကို ကတိပေးထားတဲ့အတိုင်း လေးလအတွင်းမှာ အထွေထွေရွေးကောက်ပွဲကျင်းပပေးရမှာဖြစ်ပါတယ်။


ခရက်ဒစ်- Bangkok post

ပုံစာ- ထိုင်းဝန်ကြီးချုပ်သစ် အနုထင် ချန်ဝီရကူကို ကိုယ်ပိုင်ဂျက်လေယာဥ်နဲ့အတူ တွေ့ရစဥ်။

1 Comment


Guest
Sep 11, 2025

That is not a jet.

Like
BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page