top of page

ထိုင်းဝန်ကြီးချုပ်သစ် အနုထင် အမေရိကန်ဒေါ်လာ ၁၂၃သန်း နီးပါးတန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေ ချပြ

  • Writer: BVJ
    BVJ
  • Sep 10
  • 1 min read

အီးကေ/BVJ_စက်တင်ဘာ ၉၊၂၀၂၅

ree

ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူဟာ ဘန်ကောက်မြို့မှာရှိတဲ့ သူ့ရဲ့ဇိမ်ခံအိမ်၊ စပိဘုတ်နှစ်စင်း၊ ကိုယ်ပိုင်ဂျက်လေယာဥ်သုံးစင်းတို့အပါအဝင် ၃.၉ ဘီလီယံဘတ်နဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာ၁၂ ၃သန်းနီးပါးတန်ဖိုးရှိတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို တရားဝင်ချပြလိုက်ပါတယ်။


ဆောက်လုပ်ရေးလုပ်ငန်းရှင်သူဌေးကြီးဖြစ်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် အနုထင်ရဲ့ပိုင်ဆိုင်မှုတွေထဲမှာ ငွေသားချည်းပဲ ၁.၀၉ဘီလျံဘတ်နဲ့တန်ဖိုးညီမျှတဲ့ အမေရိကန်‌ ဒေါ်လာ၃၄သန်းကျော်ရှိပြီး၊ ဘဏ်စာရင်း နှစ်ဒါဇင်ကျော်ထဲမှာရှိတဲ့ ငွေတွေလည်းပါဝင်ပါတယ်။


အသက် ၅၈နှစ် လုပ်ငန်းရှင်သူဌေးကြီးအနုထင်ဟာ အစိုးရအရာရှိတွေအားလုံး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံချပြဖို့လိုအပ်မှုအတိုင်း သူ့ရဲ့ ကြွယ်ဝမှုတွေကို ဒီနေ့ အင်္ဂါနေ့မှာချပြခဲ့တာဖြစ်ပါတယ်။


ထိုင်းလွှတ်တော်ထဲမှာ တတိယအင်အားကြီးဆုံးပါတီ ဘွန်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ရာထူးကထုတ်ပယ်လိုက်တဲ့ ဖွေထိုင်းပါတီခေါင်းဆောင်ပေတုန်တင်ရှင်နာဝပ်နေရာမှာ ၃၂ဦးမြောက် ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။


ထိုင်းလွှတ်တော်ထဲမှာ အင်အားအကြီးဆုံး အတိုက်အခံပါတီ ပြည်သူ့ပါတီရဲ့ထောက်ခံမဲပေးမှု ကြောင့် အနုထင် ဝန်ကြီးချုပ်ရာထူးရခဲ့တာဖြစ်ပြီး ပြည်သူ့ပါတီကို ကတိပေးထားတဲ့အတိုင်း လေးလအတွင်းမှာ အထွေထွေရွေးကောက်ပွဲကျင်းပပေးရမှာဖြစ်ပါတယ်။


ခရက်ဒစ်- Bangkok post

ပုံစာ- ထိုင်းဝန်ကြီးချုပ်သစ် အနုထင် ချန်ဝီရကူကို ကိုယ်ပိုင်ဂျက်လေယာဥ်နဲ့အတူ တွေ့ရစဥ်။

1 Comment


Guest
Sep 11

That is not a jet.

Like
BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page