top of page

တောကျွဲအင်းမြို့က ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့နယ်မြေရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read

အေတီ/BVJ_ ဇန်နဝါရီ ၉၊ ၂၀၂၆

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးက တောကျွဲအင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေစီးနင်းတိုက်ခိုက်ပြီး မြို့ကို ခေတ္တခဏထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော် အမှတ် -၂ စစ်ဆင်ရေးနယ်မြေရဲ့ သတင်းပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


PDFပူးပေါင်းတပ်ဖွဲ့က တောကျွဲအင်းမြို့ကိုခေတ္တထိန်းချုပ်နိုင်ခဲ့တဲ့အချိန်အတွင်း ရွေးကောက်ပွဲကော်မရှင်ရုံး ၊နယ်မြေရဲစခန်းနဲ့အာဏာသိမ်းစစ်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရားအဆောက်အအုံတွေမီးရှို့ခဲ့ပြီး မတရားဖမ်းဆီးခံထားရတဲ့ အရပ်သား(၈)ဦးကိုစိစစ်ပြီးပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာတွေ့ရပါတယ်။


တောကျွဲအင်းမြို့အပါအဝင် အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နဲ့ကျွဲပွဲမြို့ ကြား စည်ပင်သာကျေးရွာ၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားမှာအထိုင်ချတပ်စွဲထားတဲ့ ကင်းစခန်းတို့နဲ့ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံစခန်း (၁၄)ခုကို ဒီနေ့ ဇန်နဝါရီ (၉) ရက်နေ့ မနက်မှာ တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အခုစစ်ဆင်ရေးကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၅၀၂) တပ်ရင်း၊ ဗျူဟာ(၂၄) ကွပ်ကဲမှုအောက်ရှိ P27803 အာဠာဝကတပ်ရင်း၊ P23503 ဒေါင်းဖြူတပ်ရင်း၊ P29903 နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၂) တပ်ရင်း၊ P29914 အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ(၂၆) ပူးပေါင်းတပ်ဖွဲ့နဲ့ အုတ်တွင်းမြို့နယ်ပကဖ၊ ဖြူးမြို့နယ်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အမှတ် -၂ စစ်ဆင်ရေးနယ်မြေပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်အုပ်စုဘက်က (၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းအမြောက်အများသိမ်းည်းရမိတယ်လို့ အမှတ် -၂ စစ်ဆင်ရေးနယ်မြေ ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားပေမယ့် သေဆုံးစာရင်းကို Burma VJအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။


ဓာတ်ပုံ ခရက်ဒစ်- အမှတ် -၂ စစ်ဆင်ရေးနယ်မြေ

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page