ကာလုံအမှုဆောင်ချုပ် ဦးအောင်လင်းဒွေးကို အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ်တင်မြှောက်
- BVJ

- Mar 18
- 1 min read
မိုနာ/BVJ_မတ် ၁၈၊ ၂၀၂၆

ဒီနေ့ မတ်လ ၁၈ရက်မှာ စစ်အုပ်စုက တတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာစတင်ကျင်းပခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ဒုတိယဥက္ကဋ္ဌတို့ကို တင်မြှောက်ခဲ့ပါတယ်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် စစ်အုပ်စု အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံးရဲ့အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနဲ့ နဲ့ ဒုဥက္ကဋ္ဌအဖြစ် စစ်အုပ်စုရဲ့ အားကစား၊လူငယ်နဲ့ ဟိုတယ်/ခရီးသွားဝန်ကြီး ဂျာဖမ်းနော်တောင်ကိုရွေးချယ်တင်မြှောက်ခဲ့ကြတာပါ။
အခုလိုအတည်ပြုမတင်မြှောက်ခင်ထဲက ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌတို့ဟာ သူတို့နှစ်ဦးဖြစ်လာမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။

သူတို့နှစ်ဦးဟာ စစ်အုပ်စုရွေးကောက်ပွဲမှာ USDP-ကြံ့ဖွံ့ပါတီကနေကိုယ်စားပြုပြီး ဦးအောင်လင်းဒွေးက မန္တလေးတိုင်း၊အမျိုးသားလွှတ်တော်အတွက် အချိုးကျကိုယ်စားပြုစနစ်PR မဲဆန္ဒနယ်နဲ့ ဂျာဖမ်းနော်တောင်ကတော့ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)ကနေဝင်ရွေးချယ်ခံခဲ့တာဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟာ သမ္မတရွေးချယ်တင်မြှောက်ရေးမှာအဓိကကျတဲ့နေရာမှာရှိပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်နာယကအဖြစ်ဦးဆောင်ကာ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးချယ်တာကို ပြုလုပ်ရမှာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ-USDP ဥက္ကဋ္ဌ ဦးခင်ရီနဲ့ ဒုဥက္ကဋ္ဌကတော့ စစ်အုပ်စုရဲ့ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းတို့ကို ရွေးချယ်တင်မြှောက်ထားတာဖြစ်ပါတယ်။




Comments