စုံ၊မ ခွဲခြားပြီးတစ်ရက်စီမောင်းနှင်ခွင့်ကိုပယ်ဖျက်ပေးဖို့ တောင်းဆိုမှုတွေတိုးလာနေ
- BVJ

- 35 minutes ago
- 1 min read
အီးကေ/BVJ_မတ် ၁၇၊ ၂၀၂၆

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့တောင်ကြီးမြို့တွေမှာရှိတဲ့ ဆီဆိုင်တွေမှာ QR codeစနစ်နဲ့ စက်သုံးဆီတွေစတင်ရောင်းချနေပြီး ဆီထည့်ပေးတဲ့နှုန်းထားကိုပါ အတိအကျသတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကားတွေကိုစုံ၊မ ညီမညီစစ်ဆေးအရေးယူမှုတွေ ဆက်မလုပ်သင့်တော့ဘူးဆိုတဲ့ တောင်းဆိုမှုတွေမြင့်တက်လာနေပါတယ်။
ဒါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ခံကားပိုင်ရှင်တစ်ဦးက သူ့ရဲ့ သဘောထားကို Burma VJ ကိုအခုလိုပဲပြောပြပါတယ်။
“မ ရက်၊စုံ ရက်အလိုက်ကားတွေကို QR codeနဲ့ထည့်ပေးတဲ့စနစ်လည်းလုပ်နေပြီ။ တခါထည့်ရင် ၁၅လီတာထက်ပိုမထည့်ရဆိုတာလည်း ကန့်သတ်ပြီးပြီ။တဆိုင်မှာထည့်ပြီးရင် နောက်ဆိုင်မှာထည့်မရအောင်လည်းလုပ်ပြီးပြီ။စက်သုံးဆီကလည်းအလုံအလောက်ရှိနေတယ်။ ဒါဆိုရင် မ ရက်မှာ စုံကားပဲထွက်ထွက်၊ စုံရက်မှာ မ ကားပဲထွက်ထွက် စက်သုံးဆီကပေးမယ်လို့သတ်မှတ်ထားတာထက်ပိုပေးစရာမလိုဘူး။ ဒါဆိုရင်အချိန်တွေ၊လူအင်အားတွေ စရိတ်တွေသုံး ပြီး လမ်းပေါ်မှာရှိနေတဲ့ကားတွေကို ဘာလို့ စုံမ ညီမညီစစ်ဖို့လိုဦးမှာလဲ။ တိုင်းပြည်ပိုက်ဆံကိုဖြုန်းတာသက်သက်ပဲ”
ဒါ့အပြင် စုံ၊မခွဲခြားတာကိုအကြောင်းပြုပြီး ကလေးတွေကျောင်းပို့တဲ့အိမ်ကားတွေကိုထောက်ခံစာပါလည်း ဖမ်းနေတာရှိတဲ့အတွက် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စီမံခန့်ခွဲမှုအပေါ် နောက်ထပ်ရန်ကုန်မြို့ခံတစ်ဦးကအခုလိုဝေဖန်ထားပါတယ်။

“ပြည်သူတွေဟာနေ့စဥ်တာဝန်တွေကို ဘယ်လိုလုပ် စုံ၊မခွဲခြားလုပ်နိုင်မှာလဲ။ဒါက တိုင်းပြည်ရဲ့ကုန်ထုတ်စွမ်းအားကိုကန့်သတ်တာပဲ။လူငယ်တွေရဲ့ပညာရေးကိုရိုက်ချိုးတာပဲ။ ကျောင်းကားခွင့်ပြုတယ်ဆိုပြီး ကလေးတွေကျောင်းပို့တဲ့အိမ်ကားကို ထောက်ခံစာပါလည်းဖမ်းတယ်။ဒီပြဿနာတွေဖြစ်နေတာသိနေတာပဲ။ မသိစရာလည်းမရှိဘူး။ မှိန်းပြီး ဝေစားမျှစားလုပ်နေတယ်။ တိကျတဲ့ညွှန်ကြားချက် ဘာမှထွက်မလာဘုး။ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူကြီးရဲ့ အစွမ်းက ပြည်သူ့ကိုတမင်သက်သက်ဖိနှိပ်နေတာလား။ဒီလိုမေးရုံကလွဲလို့ တခြားမေးစရာမရှိဘူး”
အများစုကတော့ QRကုဒ်နဲ့စက်သုံးဆီရောင်းချပေးတာကိုလက်ခံကြပြီး စုံ၊မ ခွဲခြားပြီး တစ်ရက်စီမောင်းနှင်ခွင့်ကိုပယ်ဖျက်ပေးဖို့နဲ့ စက်သုံးဆီဆိုင်မှာသာ စုံ၊မခွဲပြီး တစ်ရက်စီအလှည့်ကျဆီထည့်စေဖို့ အကြံပြုနေကြတာဖြစ်ပါတယ်။




Comments