တမူးတိုက်ပွဲအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုများ
- BVJ

- Aug 11
- 1 min read
ယူဂရင်း/BVJ_ သြဂုတ် ၁၁၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးထားတဲ့ နန်မွန်းတားရွာကို စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပြီး ကျဆုံးသူတွေရှိခဲ့တယ်လို့ အမှတ်-၁စစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ရန်ငြိမ်းအောင်ရွာကနေ နန်မွန်းတာရွာကို ခလရ-၂၂၈နဲ့ ပြည်သူ့စစ်ပူးပေါင်းအင်အား (၈၀) ခန့်က အခုလ ၅ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တမူးခရိုင် စစ်ကြောင်း၊ မော်လိုက်ခရိုင် စစ်ကြောင်း၊ ကလေးခရိုင် စစ်ကြောင်း၊ KNA(B)၊ NLAနဲ့ CNA တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ သြဂုတ် ၈ရက်မှာ စစ်ကောင်စီစစ်ကြောင်းက ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ ရန်သူ့ဘက်က ၆ဦးသေဆုံးပြီး လက်နက် (၉)လက်နဲ့ ခဲယမ်းအချို့ကို သိမ်းဆည်းမိခဲ့သလို ရန်သူဘက်ကထိခိုက်ဒဏ်ရာရသူ (၂၀) ကျော်ရှိခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။
“မိမိတို့ဘက်မှ ရဲဘော် (၅)ဦးမြင့်မြတ်စွာကျဆုံးခဲ့ရပြီး လက်နက် ၃ လက်ဆုံးရှုံးခဲ့ရသည်”လို့ အမှတ်-၁ စစ်ဒေသက ဖော်ပြပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၈ ရက်နေ့မှာပဲ နန်မွန်းတားရွာဘုရားကျောင်းကို တံတားဦးကတက်လာတဲ့ Yak-130 နဲ့ပေါင် (၂၅၀) ဗုံး နှစ်လုံး၊ MIG-29နဲ့ Cluster ဗုံးကြဲချတိုက်ခိုက်ခဲ့သလို OWA အသေခံဒရုန်း အမျိုးအစားတွေကိုလည်း အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။







Comments