ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မတိုင်ခင်ထဲက တနိုင်ငံလုံးအတာနဲ့နှင်းဆီလှုပ်ရှုားမှုတွေပြုလုပ်နေ
- BVJ

- 1 hour ago
- 1 min read
BVJ_ဇွန် ၁၈၊ ၂၀၂၆

မနက်ဖြန် ဇွန် ၁၉ရက်မှာကျရောက်မယ့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့အတွက်ရည်ရွယ်ပြီး နှင်းဆီးလှုပ်ရှားမှုတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့စတင်ပြုလုပ်နေကြပြီဖြစ်ပါတယ်။
စစ်အုပ်စုကဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိလွှတ်ပေးဖို့ကိုရည်ရွယ်တဲ့ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်နဲ့တော်လှန်ရေးလွတ်မြောက်နယ်မြေတွေမှာ အခု ဇွန် ၁၆ရက်ကစတင်ပြီးနောက်မှာ လှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်လာကြတာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ပမှာလည်း နှင်းဆီလှုပ်ရှားမှုတွေကိုပြုလုပ်နေကြသလို ဒေါ်အောင်ဆန်းစုကြည် ၈၁နှစ်ပြည့်အတွက်ရည်ရွယ်တဲ့ Proof of Lifeကမ်ပိန်းကိုလည်း သားငယ်ကိုထိန်လင်းကိုထိန်လင်း(ခ)ကင်အဲရစ်ကိုယ်တိုင်ပါဝင်ပြီး ပြုလုပ်နေပါတယ်။
ကိုထိန်လင်း(ခ)ကင်အဲရစ်က"ဒီနေ့ မေမေ့ကိုဂုဏ်ပြုတဲ့ ၈၁ ကီလိုမီတာစကိတ်စီးခြင်း စိန်ခေါ်မှုကိုအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။
မေမေ့ရဲ့ ၈၁ နှစ်မြောက်မွေးနေ့နီးကပ်လာချိန်မှာ 81 for 81 – Global Proof of Life Challengeမှာပါဝင်ပေးကြတဲ့ ကမ္ဘာတဝှမ်းကလူတစ်ဦးတစ်ယောက်ခြင်းစီကို ကျေးဇူးအထူးတင်ပါတယ်။ခင်ဗျားတို့ရဲ့ အားပေးမှုနဲ့အတူတကွရပ်တည်မှုဟာ ကျွန်တော့်အတွက်အလွန်အဓိပ္ပာယ်ရှိပါတယ်။ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုက မပြီးသေးပါဘူး။
ကျွန်တော်တို့နဲ့အတူ ဆက်လက်ရပ်တည်ပေးပြီး ရိုးရှင်းတဲ့ မေးခွန်းတစ်ခုကို ဆက်မေးပေးကြပါ။"ကျွန်တော့်အမေ အသက်ရှင်နေသေးရဲ့လား?"ဆိုပြီး ဒီနေ့မှာပြောထားပါတယ်။

မနက်ဖြန်ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည် ၈၁နှစ်ပြည့်မွေးနေ့မှာလည်း ပြည်သူတွေအနေနဲ့ကိုယ့်လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး နှင်းဆီးလှုပ်ရှားမှုမှာပါဝင်ပေးကြဖို့ကို တော်လှန်ရေးအဖွဲ့တွေနဲ့သပိတ်အဖွဲ့တွေက တိုက်တွန်းနှိုးဆော်ထားကြပါတယ်။

တဖက်မှာလည်း စစ်အုပ်စုဘက်တော်သားတွေဟာ ဇွန် ၁၉ရက်နေ့မှာပန်းရောင်းသူတွေနှင်းဆီပန်းပန်သူတွေနဲ့ ဆိုရှယ်မီဒီယာမှာပန်းပုံတင်သူတွေကိုစောင့်ကြည့်ပြီး ဖမ်းဆီးဖို့လှုံ့ဆော်လေ့ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုလှုပ်ရှားကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။




Comments