ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRCတွေ့ဆုံမှုဟာ အပြုသဘောဆောင်တဲ့ပထမဆုံးခြေလှမ်းဖြစ်ကြောင်း ကိုထိန်လင်းပြော
- BVJ

- Aug 4
- 1 min read
အေတီ/BVJ_သြဂုတ် ၃၊ ၂၀၂၆

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)တို့တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းကို သားငယ်ဖြစ်သူ ကိုထိန်လင်းကကြိုဆိုလိုက်ပါတယ်။
ဒါဟာငါးနှစ်ကျော်ကာလအတွင်း မေမေနဲ့ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှုဖြစ်တယ်လို့ သူကဆိုပါတယ်။
"ICRCက ကျွန်တော့်မေမေနဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းကို ကျွန်တော်ကြိုဆိုပါတယ်။ ဒီသတင်းက အတည်ဖြစ်မယ်ဆိုရင်တော့ ငါးနှစ်ကျော်အတွင်း မေမေနဲ့ပတ်သက်တဲ့ ပထမဆုံးသော အပြုသဘောဆောင်တဲ့တိုးတက်မှုပဲဖြစ်ပါလိမ့်မယ်"
ဒီတွေ့ဆုံမှုဟာ အရေးပါတဲ့ပထမခြေလှမ်းဖြစ်ပေမဲ့ နောက်ဆုံးခြေလှမ်းတော့ မဖြစ်သင့်ဘူးလို့ ကိုထိန်လင်းကအလေးပေးပြောဆိုပါတယ်။ သူက ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တိုက်ရိုက်စကားပြောခွင့်ရရှိရေး၊ မိသားစုနဲ့တွေ့ဆုံခွင့်ရရှိရေး၊ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို လွတ်လပ်စွာရရှိနိုင်ရေး၊နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းခြွင်းချက်မရှိလွှတ်ပေးရေးတို့ကိုမျှော်လင့်ထားကြောင်း ဒီနေ့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်လျက်ရှိကြောင်း သက်သေပြပေးဖို့ "Proof of Life" လှုပ်ရှားမှုမှာ အတူတကွပူးပေါင်းပါဝင်ပေးခဲ့ကြသူအားလုံးကိုလည်း ကိုထိန်လင်းကအထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်အုပ်စုရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် ရက်ပေါင်း ၂,၀၀၀ ကျော်အထိ မိသားစုနဲ့ရော၊ ကမ္ဘာကြီးနဲ့ပါအဆက်အသွယ်ဖြတ်တောက်ပြီး ဖုံးကွယ်ထားခံနေရတာ ဖြစ်ပါတယ်။
ဓာတ်ပုံခရက်ဒစ် - Kim Aris




Comments