top of page

နယ်မြေရှင်းလင်း‌ရေး ငါးရက်အတွင်း စစ်ကောင်စီတပ်သား ၂၃ဦးကို CFD-အရှို ဖမ်းမိ

  • Writer: BVJ
    BVJ
  • Jun 13, 2025
  • 1 min read

BVJ/ယူဂရင်း_ ဇွန် ၁၃၊ ၂၀၂၅

မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း(ဗျူဟာကုန်း)နား မီတာ ၁၅၀၀ပတ်လည်နားမှာ စစ်ဆင်‌ရေးလုပ်ဆောင်ရင်း စစ်ကောင်စီ ၂၃ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်(CDF-အရှို)က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။


အခုလ ၈ရက်ကနေ ၁၂ရက်အထိ ငါးရက်အတွင်း နတ်ရေကန်လမ်းဟောင်းမှာ ဖြတ်‌တောက်တိုက်ခိုက်ရေးလုပ်ဆောင်ချိန် နတ်ရေကန်ဗျူဟာကုန်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ဦးကို နယ်မြေရှင်းလင်းရှာဖွေဖမ်းမိခဲ့တာလို့ သိရပါတယ်။


အခုဖမ်းမိတဲ့စစ်သုံ့ပန်းတွေဟာ စစ်မှုထမ်းဥပဒေနဲ့စစ်ကောင်စီက အတင်းအဓမ္မပေါ်တာဆွဲပြီး စစ်မှုထမ်းခိုင်းထားသူတွေဖြစ်တယ်လို့လည်း CDF-အရှိုက ပြောထားပါတယ်။


ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်‌ရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီး အမြန်ဆုံးအလင်းဝင်လာကြဖို့ CDF-အရှိုက တိုက်တွန်းထားပါတယ်။


အခုလ ၄ရက်နေ့ကလည်း နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကနေ ထွက်ပြေးလာတဲ့ ပြည်သူ့စစ် ၃ဦးကို CDF-အရှိုက ဖမ်းမိခဲ့ပြီး သူတို့နဲ့အတူ MA သေနတ် သုံးလက်နဲ့ ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။


နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းနဲ့ ကာကင်းစခန်းတွေကို AAနဲ့‌ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေတာဖြစ်သလို တာဝါတိုင်စခန်းကုန်းကိုသိမ်းယူထားတာကြောင့် စစ်ကောင်စီက အင်အားအများအပြားနဲ့ ပြန်လည်ထိုးစစ်ဆင်မှုတွေလုပ်နေတာလည်းဖြစ်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page