အီလွန်မက်စ်SpaceXကုမ္ပဏီက မြန်မာနိုင်ငံဘက်က ကျားဖြန့်စင်တာတွေမှာအသုံးပြုနေတဲ့ စတားလင့်အလုံး ၂၅၀၀ကျော်ရဲ့ဝန်ဆောင်မှုတွေကို ဖြတ်တောက်
- BVJ

- 16 hours ago
- 1 min read
အေတီ/BVJ_အောက်တိုဘာ ၂၂၊ ၂၀၂၅

မြန်မာနိုင်ငံဘက်အခြမ်း မြဝတီမြို့နယ်ထဲက ကျားဖြန့်စင်တာတွေမှာအသုံးပြုနေတဲ့ စတားလင့် ၂၅၀၀ကျော်ရဲ့ဂြိုလ်တုဆက်သွယ်ချိတ်ဆက်မှုလမ်းကြောင်းတွေကိုဖြတ်တောက်လိုက်ပြီလို့ အီလွန်မက်စ်ရဲ့ SpaceX ကုမ္ပဏီကဒီနေ့ထုတ်ပြန်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြန်မာပြည်ဖက်မြဝတီမြို့က ကျားဖြန့်စင်တာ ၃၀ကျော်ဟာ ကမ္ဘာတစ်ဝှမ်းကလူထောင်နဲ့ချီကိုလူကုန်ကူးပြီးတော့ အဲ့ဒီလူတွေကို အတင်းအဓမ္မဖိအားပေးခိုင်းစေ၊ စတားလင့်အင်တာနက်တွေအသုံးပြုပြီး နှစ်စဥ် ဒေါ်လာဘီလီယံဆယ်နဲ့ချီဝင်ငွေရတဲ့ လိမ်လည်မှူတွေပြုလုပ်နေပါတယ်။
SpaceXကုမ္ပဏီအနေနဲ့ မဖြစ်မနေအရေးယူဖို့လိုအပ်တာတဲ့အခြေအနေဖြစ်လာတဲ့အတွက် အခုလိုအရေးယူတာဖြစ်ကြောင်း စတားလင့်လုပ်ငန်းအကြီးအကဲ လောရင်ဒီယာကထုတ်ပြန်ပါတယ်။
စတားလင့်စက်နှစ်ထောင့်ငါးရာကျော်ပိတ်ခံရတဲ့ အခု အရေးယူမှုဟာမြန်မာအာဏာသိမ်းစစ်တပ်က တနင်္လာနေ့မှာ မြဝတီမြို့နယ်ထဲကကျားဖြန့်မြို့တော် KK Parkကိုဝင်စီးနင်းခဲ့တဲ့ကိစ္စဖြစ်လာပြီး နောက်ဆက်တွဲဖြစ်လာတာပါ။
စတားလင့် ဂြိုလ်တုဆက်သွယ်ရေးနည်းပညာဟာ တရုတ်ရာဇ၀တ်ဂိုဏ်းတွေကို နယ်စပ်တလျှောက် ဝေးလံခေါင်သီသောနေရာတွေကနေ ကျားဖြန့်လုပ်ငန်းလည်ပတ်နိုင်ဖို့ အဓိကပံ့ပိုးမှုတွေလုပ်ဆောင်နေကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြနေကြတာကြာပါပြီ။
အလုပ်သမားတွေကိုတရား၀င်အလုပ်ပုံစံမျိုးဗန်းပြ၊လစာကောင်းကောင်းပေးမယ်လို့ သွေးဆောင်ဖြားယောင်း၊ ကျားဖြန့်စင်တာတွေမှာဖမ်းဆီးချုပ်နှောင်ထားပြီး အွန်လိုင်းလိမ်လည်မှုတွေလုပ်ဖို့ အတင်းအကျပ်ခိုင်းစေခဲ့ပါတယ်။
အဲ့ဒီမှာအလုပ်လုပ်တဲ့သူတွေဟာ နာရီပေါင်းများစွာအလုပ်လုပ်ရပြီး နှိပ်စက်မှုတွေခံရသလို သူတို့သတ်မှတ်ထားတဲ့အရေအတွက် ပစ်မှတ်မပြည့်ရင်လည်း နှိပ်စက်ရိုက်နှက်မှုတွေခံရတတ်ပါတယ်။
ကျားဖြန့်စင်တာတွေမှာ အဓမ္မစေခိုင်းခံရတဲ့သူအများစုက အာဖရိကနိုင်ငံတွေကလာတဲ့သူတွေဖြစ်ပါတယ်။
တနင်္လာနေ့မှာ KK Parkကိုဝင်စီးတဲ့အချိန်မှာ Star Link စလောင်း (၃၀)စုံနဲ့ဆက်စပ်ပစ္စည်းတွေသိမ်းမိခဲ့ပြီး အဲ့ဒီအဆောက်အအုံတွေထဲကနေ အလုပ်သမား အမျိုးသား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦးနဲ့ လုံခြုံရေးအဖြစ် အမျိုးသား ၉၈ ဦး၊ စုစုပေါင်း ၂၁၉၈ ဦးတို့ကိုတွေ့ခဲ့ရတယ်လို့လည်း အာဏာသိမ်းစစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။







Comments