top of page

ကျားဖြန့်ဂိုဏ်းမှာပါဝင်ပတ်သက်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံသား ၆၀ နီးပါး ကမ္ဘောဒီးယားကပြန်ပို့

  • Writer: BVJ
    BVJ
  • Oct 20
  • 1 min read

အေတီ/BVJ- ‌အောက်တိုဘာ ၁၈၊ ၂၀၂၅

ree

ကမ္ဘောဒီးယားမှာ အဖမ်းခံခဲ့ရတဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ဂိုဏ်းတွေမှာပါဝင်ပတ်သက်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံသား ၅၉ ဦး တောင်ကိုရီးယားနိုင်ငံထဲပြန်ရောက်လာပါပြီ။ သူတို့ကို ကမ္ဘောဒီးယားနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို လာမယ့်လေယာဥ်ပေါ်မှာကတည်းက လက်ထိပ်ခတ်ထားတာဖြစ်ပါတယ်။


သူတို့ကိုပြန်ခေါ်လာဖို့ တောင်ကိုရီးယားအစိုးရက ကမ္ဘောဒီးယားကို အဖွဲ့တစ်ဖွဲ့စေလွှတ်ဆွေးနွေးညှိနှိုင်းခဲ့ရပြီး ဒီနေ့စနေနေ့မနက်မှာ အင်ချွန်းလေဆိပ်ကိုပြန်ရောက်လာပါတယ်။ နောက်ထပ်တောင်ကိုရီးယားနိုင်ငံသား ၅ဦးဟာလည်း အခြားရာဇဝတ်မှုတွေနဲ့ပြန်ပို့ခံရတဲ့အတွက် ကမ္ဘောဒီးယားကနေပြန်ရောက်လာတဲ့ တောင်ကိုရီးယားနိုင်ငံသားအရေအတွက်က ၆၄ဦးရှိပါတယ်။


အဲ့ဒီတောင်ကိုရီးယားနိုင်ငံသား ၅၉ဦးဟာ ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရ အရှေ့တောင်အာရှတဝှမ်းကျက်စားနေတဲ့ ကျားဖြန့်ဂိုဏ်းတွေမှာပါဝင်ပတ်သက်နေတဲ့ သူ ၂၀၀,၀၀၀ ခန့်ထဲကသူတွေဖြစ်ပါတယ်။ အဲ့ဒီကျားဖြန့်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ တချို့က လစာကောင်းကောင်းနဲ့စည်းရုံးခံခဲ့ရသလို၊တချို့ကတော့အတင်းအကြပ်ဖိအားပေးခိုင်းစေခံခဲ့ရပါတယ်။


ကျားဖြန့်ဂိုဏ်းနဲ့ပတ်သက်ခဲ့တဲ့ တောင်ကိုရီးယား ကျောင်းသားတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် တောင်ကိုရီးယားအစိုးရကိုယ်စားလှယ်အဖွဲ့ တဖွဲ့ ကမ္ဘောဒီးယားရောက်လာပြီး ညှိနှိုင်းဆွေးမှုတွေလုပ်ခဲ့တယ်လို့ AFP သတင်းသတင်းဖော်ပြချက်အရ သိရပါတယ်။


ကမ္ဘောဒီးယားအာဏာပိုင်တွေရဲ့ ဖြိုခွင်းမှုအတွင်းမှာ အထက်ပါတောင်ကိုရီးယားအုပ်စုက လူအများစုအဖမ်းခံရပြီး၊ငါးဦးလွတ်မြောက်သွားကြောင်း ဘီဘီစီကိုရီးယားဌာနက သတင်းဖော်ပြထားပါတယ်။


သူတို့ကို ဆက်ပြီး စုံစမ်းမေးမြန်းစစ်ဆေးဖို့ရှိသေးတာကြောင့် အင်ချွန်းလေဆိပ်ကနေ သက်ဆိုင်ရာနယ်မြေရဲစခန်းတွေ လွှဲပြောင်းပေးထားတယ်လို့သိရပါတယ်။


တောင်ကိုရီးယားနိုင်ငံထဲ ပြန်ရောက်လာတဲ့နိုင်ငံသား ၅၉ဦးထဲမှာ တချို့ကမိမိသဘောဆန္ဒအလျောက် အွန်လိုင်းလိမ်လည်မှုတွေမှာပါဝင်ခဲ့သလို တချို့ကတော့ ဖိအားပေးစေခိုင်းခံခဲ့ရတယ်လို့ တောင်ကိုရီးယားနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး Wi Sung-lac ကပြောပါတယ်။


ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ရဲ့ ဆိုရှယ်မီဒီယာပို့စ်တစ်ခုမှာ “နိုင်ငံဖြတ်ကျော်မှုခင်းတွေ အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုမှုခင်းတွေတိုက်ဖျက်ဖို့ ” တောင်ကိုရီးယားအရာရှိတစ်ဦးနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းဖော်ပြထားပါတယ်။


"ကမ္ဘောဒီးယားနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့ပူးပေါင်းပြီး အွန်လိုင်းလိမ်လည်မှုတွေတားဆီးနှိမ်နင်းဖို့နဲ့ ပိုမိုထိရောက်စွာဆက်လက်ဆောင်ရွက်သွားပါမယ်”လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်မာနက်က သူ့ရဲ့ဆိုရှယ်မီဒီယာကတဆင့်ပြောပါတယ်။

ree

အဲ့ဒီတောင်ကိုရီးယားနိုင်ငံသားတွေ ပြန်ရောက်လာတာဟာ အခုသီတင်းပတ်အစောပိုင်းမှာ အမေရိကန်အစိုးရက Bitcoinဒေါ်လာ ၁၄ ဘီလီယံကျော်တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှုလုပ်ဆောင်နေတဲ့ ကမ္ဘောဒီးယားစီးပွားရေးအင်ပါယာတစ်ခု ဖြိုခွင်းမှုရဲ့နောက်ဆက်တွဲဖြစ်ပါတယ်။ ကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်း ပရင့်စ်လုပ်ငန်းစုကိုတည်ထောင်သူ ဗြိတိန်နဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံ နိုင်ငံသားခံယူထားတဲ့ ချန်ကျီကိုကျားဖြန့်လုပ်ငန်းတွေပါဝင်တဲ့ ခရစ်ပ်တိုဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှုကြီးမှာ ပါဝင်မှုနဲ့ တရားစွဲဆိုထားပါတယ်။


Crypto ခရစ်ပ်တိုလိမ်လည်မှုဟာ အ‌ရှေ့တောင်အာရှမှာရှိတဲ့ စင်တာတွေကလည်ပတ်နေတဲ့ အွန်လိုင်းလိမ်လည်မှုကျားဖြန့်လုပ်ငန်းတွေကတစ်ခုဖြစ်ပါတယ်။ အဲ့ဒီကျားဖြန့်စင်တာတွေကနေ ရာဇ၀တ်ဂိုဏ်းတွေအတွက် နှစ်စဉ်၀င်ငွေ ဒေါ်လာဘီလီယံနဲ့ချီရှာပေးနေတယ်လို့ ကုလသမဂ္ဂကခန့်မှန်းထားပါတယ်။

ခရက်ဒစ်- BBC


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page