top of page

တရုတ်သမ္မတဖိတ်ကြားမှုနဲ့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်နိုင်ငံသွားမယ်

  • Writer: BVJ
    BVJ
  • Jun 12
  • 1 min read

ယူဂရင်း/BVJ_ဇွန် ၁၂၊ ၂၀၂၆

ဇွန်လ ၈ရက်က နေပြည်တော်မှာကျင်းပတဲ့ ၂၀၂၆ ခုနှစ်၊တရုတ်ရုပ်ရှင်သီတင်းပတ် ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင်နဲ့ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်တို့ကိုမြင်တွေ့ရပုံ။
ဇွန်လ ၈ရက်က နေပြည်တော်မှာကျင်းပတဲ့ ၂၀၂၆ ခုနှစ်၊တရုတ်ရုပ်ရှင်သီတင်းပတ် ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင်နဲ့ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်တို့ကိုမြင်တွေ့ရပုံ။

အာဏာသိမ်းစစ်အုပ်စုရဲ့သမ္မတ ဦးမင်းအောင်လှိုင်ဟာ အခုလ ဇွန် ၁၅ရက်ကနေ ၁၉ရက်အထိ တရုတ်နိုင်ငံကိုသွားရောက်မယ်လို့ ရန်ကုန်တရုတ်သံရုံးကဒီနေ့ နေ့လယ်မှာကြေညာပါတယ်။


တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကိုနိုင်ငံတော်ခရီးစဉ်သွားရောက်မှာဖြစ်တယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောထားတာပါ။


စစ်ခေါင်းဆောင်ဟာ မြန်မာနိုင်ငံရဲ့သမ္မတလို့အမည်ခံပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က အိန္ဒိယနိုင်ငံကို ၅ရက်ကြာခရီးသွားရောက်ခဲ့သေးတာကြောင့် အခု တရုတ်ခရီးစဉ်ကတော့ ဒုတိယခရီးစဉ်ဖြစ်လာမှာပါ။


အိန္ဒိယခရီးစဉ်မှာတော့ အိန္ဒိယအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက အာဏာသိမ်းစစ်ခေါင်းဆောင်ဦးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့သမ္မတအဖြစ်သုံးနှုန်းဖော်ပြတဲ့အပေါ် ပြတ်ပြတ်သားသားကန့်ကွက်ကြောင်းကို နိုင်ငံရေးပါတီတွေအပါအဝင် အရပ်ဖက်အဖွဲ့အစည်း ၂၀ကျော်နဲ့ဖွဲ့စည်းထားတဲ့ မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF)က မေလ ၃၁ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page