top of page

သီပေါဗုံးကြဲခံရပြီး တစ်နှစ်ကလေးငယ်အပါအဝင် ၃ ယောက် ထိခိုက်

  • Writer: BVJ
    BVJ
  • Oct 6
  • 1 min read

ယူဂရင်း/BVJ_ စက်တင်ဘာ ၆၊ ၂၀၂၅

ree

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ကို စစ်ကောင်စီတပ်က ဒီနေ့မနက် ၇း၄၂အချိန်မှာ ဂျက်ဖိုက်တာနဲ့ ပေါင်၂၅၀ဗုံးလာကြဲသွားတာကြောင့် တစ်နှစ်ကလေးငယ်အပါအဝင် ၃ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော်-TNLAက ထုတ်ပြန်ပါတယ်။

 

သီပေါမြို့တွင်းက မိုက်ခရိုဝေ့ပ်ဆက်သွယ်ရေးထဲကိုဗုံးကြဲသွားတာကြောင့် အသက် (၁)နှစ်အရွယ် မောင်ခန့်ညာထွန်း၊ အသက် (၂၃)နှစ်အရွယ် ဦးသောနနဲ့ အသက် (၂၆)နှစ်အရွယ် ဦးပတူးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံးလည်းပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

 

ree

ဒါ့အပြင် ဒီနေ့မနက် ၇း၄၅အချိန်မှာပဲ နမ္မတူမြို့ မြို့မစျေးရပ် ရပ်ကွက်(၂)ကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲချသွားတာကြောင့် နေအိမ် (၆) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။

 

အခုလ ၂ ရက်နေ့ကလည်း နမ္မတူမြို့ကိုဗုံးကြဲခဲ့တာကြောင့် ပြည်သူ (၄)ဦးသေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

ပုံစာ-လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ တစ်နှစ်ကလေးငယ်။(ဓါတ်ပုံ-TNLA)

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page