တရုတ်အစိုးရသြဇာလွှမ်းဖို့ကြိုးပမ်းနေတာတွေကို ချက်ခြင်းရပ်တန့်ဖို့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေ စာပို့
- BVJ

- Aug 4
- 1 min read
ယူဂရင်း/BVJ_သြဂုတ် ၄၊ ၂၀၂၆

တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ပြည်တွင်းနိုင်ငံရေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ဘယ်လိုပုံစံနဲ့မှဝင်မစွက်ဖို့နဲ့ ပဋိပက္ခကိုပိုရှည်ကြာစေနိုင်မယ့်ဆုံးဖြတ်ချက်တွေနဲ့လုပ်ဆောင်ချက်တွေကိုလည်း ရပ်တန့်ပေးဖိုဆိုပြီး နိုင်ငံရေးမဟာမိတ်မဟာဗျူဟာအဖွဲ့အစည်းတခုဖြစ်တဲ့ SIFက တောင်းဆိုလိုက်ပါတယ်။
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့သပိတ်ကော်မတီတွေအပါအဝင် မြန်မာနိုင်ငံတဝန်းရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအဓိကအင်အားစုတွေနဲ့စုစည်းထားတဲ့ Strategic Initiative Forum (SIF) ဟာ ဒီနေ့ သြဂုတ် ၄ရက်မှာ တရုတ်အစိုးရဆီကိုအိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့အနာဂတ်ကို မြန်မာပြည်သူတွေရဲ့ ဆန္ဒ၊ဒီမိုကရေစီနည်းလမ်းတွေနဲ့သာ ဆုံးဖြတ်ရမှာဖြစ်ပြီး ပြည်ပအင်အားစုတွေရဲ့နိုင်ငံရေးအကျိုးစီးပွားအတွက် အသုံးချခံမဖြစ်သင့်ဘူးလို့လည်း တရုတ်အစိုးရအတွက်အိတ်ဖွင့်ပေးစာထဲမှာပြောထားပါတယ်။

အိတ်ဖွင့်ပေးစာထဲမှာ မြန်မာ့နိုင်ငံရေးဝင်မစွက်ဖို့နဲ့ သြဇာလွှမ်းမိုးဖို့ကြိုးပမ်းနေတာတွေကို ချက်ခြင်းရပ်တန့်ဖို့အပါအဝင် အချက်လေးချက်ကို အလေးအနက်တောင်းဆိုထားပြီး အဲ့ဒီထဲမှာ သူလျိုမှုနဲ့တရုတ်နိုင်ငံမှာဖမ်းဆီးထားတဲ့ ISP-Myanmarဦးဆောင်သူ ဦးမင်းဇင်အပါအဝင်မတရားဖမ်းဆီးထားသူတွေကို ခြွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးဖို့လည်းပါဝင်ပါတယ်။
ဒါ့အပြင် မြစ်ဆုံစီမံကိန်းပြန်လည်စတင်ဖို့တရုတ်အစိုးရက စစ်ကောင်စီနဲ့စာချုပ်ချုပ်ဆိုခြင်းဟာလည်း မြန်မာနိုင်ငံသားတွေရဲ့ဆန္ဒကိုလျစ်လျှူရှုရာရောက်ယုံမက နိုင်ငံတကာသဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေတွေကိုပါ ချိုးဖောက်ရာရောက်တယ်လို့ ထောက်ပြထားပါတယ်။
ဒါကြောင့် သဘာဝအရင်းအမြစ်တွေ၊ မြေရှားသတ္ထုတွေနဲ့BRIစီမံကိန်းတွေအပါအဝင် စီးပွားရေးအကျိုးစီးပွားအတွက် ဦးစားပေးစီမံခြင်းနဲ့ ပဋိပက္ခကိုပိုမိုရှုပ်ထွေးစေတဲ့ဆုံးဖြတ်ချက်၊လုပ်ဆောင်ချက်တွေကို ရပ်ဆိုင်းဖို့နဲ့ မြန်ာနိုင်ငံငြိမ်းချမ်းရေး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပြည်သူတွေရဲ့ဆန္ဒကို အခြေခံတဲ့နိုင်ငံရေးအဖြေရှာမှုတွေကို အပြုသဘောဆောင်စွာအားပေးထောက်ခံဖို့ဆိုပြီး တရုတ်အစိုးရဆီအိတ်ဖွင့်ပေးစာပို့လိုက်ပါတယ်။




Comments