ရွှေကူ၊ဇင်းဘုံရွာနား စစ်သင်္ဘောပေါ်ကဖမ်းမိတဲ့သူတွေ
- BVJ

- 11 hours ago
- 1 min read
BVJ_စက်တင်ဘာ ၅၊ ၂၀၂၆
ဒီဗီဒီယိုဟာ ကချင်ပြည်နယ်၊ရွှေကူမြို့နယ်က ဇင်းဘုံရွာအနီးမှာ စစ်သင်္ဘောပေါ်ကနေဖမ်းဆီးမိခဲ့တဲ့သူတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇင်းဘုံဒေသမှာ အလံဖြူထောင်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေဆီ လက်နက်ချအဖမ်းခံတဲ့စစ်သုံ့ပန်း စုစုပေါင်း ၁၉၀ ဦးရှိပါတယ်။
ဖမ်းဆီးရမိသူတွေထဲမှာ စစ်သည်အဆင့်ပေါင်းစုံ ၁၅၁ ဦး၊ရဲတပ်ဖွဲ့ဝင် ၁၇ ဦး၊ အမျိုးသမီ ၁၆ ဦး၊ကလေးငယ် ၆ ဦးပါဝင်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့စစ်သားအများစုဟာ စစ်သင်တန်း အပတ်စဉ် (၂၄/၁၅) ဆင်း လူငယ်တွေဖြစ်ပြီး အသက် ၁၉ နှစ်အရွယ်တွေအပြင် အများစုကပေါ်တာဆွဲခံထားရသူတွေပါဝင်ပါတယ်။ဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်း စစ်သားအများစုဟာ စစ်ယူနီဖောင်းမဝတ်ဆင်ဘဲ အရပ်သားအသွင်နဲ့ဟန်ဆောင်ထားကြတာကို တွေ့ရှိရပါတယ်။
အလံဖြူပြအဖမ်းခံရသူတွေထဲမှာ ဗန်းမော်မြို့ရဲ့ အုပ်ချုပ်ရေးယန္တယားကို ပြန်လည်ပတ်နိုင်ဖို့ စစ်ကောင်စီကစေလွှတ်လိုက်တဲ့ ထွေအုပ်ဝန်ထမ်းတွေနဲ့ ကျောင်းဆရာ၊ဆရာမတွေလည်း ပါဝင်နေပါတယ်။
ခရက်ဒစ် - Lung Jung LA N




Comments