top of page

စစ်ရေးကြောင့် ဒီပဲယင်း၊ရေဦးနဲ့တန့်ဆည်မြို့နယ်တွေမှာ သွားလာမှုနဲ့စတားလင့်ခ်အသုံးပြုမှု ကန့်သတ်

  • Writer: BVJ
    BVJ
  • May 14
  • 1 min read

ယူဂရင်း/BVJ_မေ ၁၄၊ ၂၀၂၆

စစ်ကိုင်းတိုင်းရှိ PDFများအတွက် ကာကွယ်ရေးပစ္စည်းများတပ်ဆင်ပေးခဲ့ကြောင်း MODကထုတ်ပြန်ခဲ့ပုံ။
စစ်ကိုင်းတိုင်းရှိ PDFများအတွက် ကာကွယ်ရေးပစ္စည်းများတပ်ဆင်ပေးခဲ့ကြောင်း MODကထုတ်ပြန်ခဲ့ပုံ။

‌အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနအနေနဲ့ စစ်ဆင်ရေးတရပ်ဆင်နွှဲနေတာကြောင့် စစ်ဆင်ရေးနယ်မြေအတွင်းဝင်ရောက်မှုနဲ့ အများပြည်သူသုံး စတားလင့်ခ်အင်တာနက်တွေ ယာယီပိတ်သိမ်းထားကြဖို့ဆိုပြီး အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက ဒီနေ့ မေ ၁၄ရက်မှာ သတိပေးစာထုတ်ပြန်ပါတယ်။


တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့လည်း စတားလင့်ခ်ကို လုံခြုံရေးအကန့်အသတ်နဲ့သာအသုံးပြုဖို့ဆိုပြီး "စစ်သတင်းလုံခြုံရေးစည်းကမ်းများ လိုက်နာရန်ကိစ္စ"ဆိုတဲ့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနကထုတ်ပြန်လာတဲ့စာထဲမှာ ပါဝင်ပါတယ်။


ပြီးတော့ စစ်ရေးသတင်း၊ စစ်ရှောင်တွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာန ကွပ်ကဲရေးမှူးရဲ့ခွင့်ပြုချက်မရဘဲ Facebook၊Tiktok၊ Youtube၊တယ်လီဂရမ်စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာမဖော်ပြ၊ မဖြန့်ဝေဖို့နဲ့ သတင်းမီဒီယာတွေကို မဖြေဖို့ဆိုပြီးလည်း ကန့်သတ်တားမြစ်ထားတာကိုတွေ့ရပါတယ်။


အခုသတိပေးတားမြစ်ချက်တွေကို တော်လှန်ရေးအဖွဲ့အစည်းအသီးသီးနဲ့ ပြည်သူလူထုအားလုံး လိုက်နာဆောင်ရွက်မှုရှိစေရေးအတွက် သက်ဆိုင်ရာ တပ်မှူးအဆင့်ဆင့်နဲ့ အရပ်ဖက်-စစ်ဖက် တာဝန်ခံတွေအားလုံး ပူးပေါင်းတာဝန်ယူဆောင်ရွက်ကြဖို့နဲ့ မလိုက်နာ ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို ခြွင်းချက်မရှိ ထိရောက်စွာအရေးယူသွားမယ်လို့လည်း အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနကဖော်ပြပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page