ရွှေဘို-မန္တလေးလမ်းပိုင်းတိုက်ပွဲမှာ ပကဖရဲဘော် ၈ ဦးကျဆုံး
- BVJ

- Nov 12
- 1 min read
မိုနာ/BVJ_နိုဝင်ဘာ ၁၂၊ ၂၀၂၅

စစ်ကိုင်တိုင်း၊ ရွှေဘို-မန္တလေးလမ်းပိုင်း တဂဏန်းရွာထိပ်မှာအထိုင်ချနေတဲ့ တပ်မ ၃၃လက်အောက်ခံ စစ်အုပ်စုစစ်ကြောင်းကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မြို့နယ် ပကဖ တာဝန်ခံရဲ့စီမံကွပ်ကဲမှုနဲ့ မြို့နယ်(PDO)တိုက်ခိုက်ရေးအဖွဲ့၊ တိုက်နယ်(၁၊၂၊၃၊၅)ပကဖတိုက်ခိုက်ရေးအဖွဲ့တွေနဲ့ နယ်မြေခံပကဖတွေက အခုလ ၁၀ရက်နေ့ ညနေလေးနာရီကျော်မှာဝင်တိုက်ခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်ကအထိနာပြီးရှားတောရွာဘက်ကို ထွက်ပြေးသွားတာကို ဒရုန်းနဲ့အတည်ပြုနိုင်ခဲ့သလို တိုက်ပွဲအပြီး တဂဏန်းကျေးရွာ နယ်မြေရှင်းလင်းမှုလုပ်ဆောင်နေချိန်အတွင်းမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ တဂဏန်းရွာ ဘုန်းကြီးကျောင်းအတွင်း ကင်းပုန်းဝပ်နေတဲ့စစ်အုပ်စုတို့ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ၄ယောက်ကျခဲ့သလို ပကဖ ရဲဘော်တစ်ယောက်လည်းကျဆုံးခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၂ရက်နေ့လယ်မှာ ရွှေဘိုပကဖကထုတ်ပြန်ပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်အုပ်စုတပ်စွဲထားတဲ့ မုဒ်ပေါက်ကနေ ၆၀မမ လက်နက်ကြီး၊ ၈၁ မမ လက်နက်ကြီး၊တွေနဲ့ အကြိမ်ကြမ်ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အခုလ ၆ရက်နေ့က ရွှေဘိုမြို့တောင်ဘက် ရွှေဘို-မန္တလေးလမ်းပိုင်းမှာ တစ်လကျော်ကြာစစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွှေဘိုမြို့နယ် ပကဖအဖွဲ့ဝင် ရဲဘော်(၇) ဦး မြင့်မြတ်စွာကျဆုံးသွားခဲ့တယ်လို့လည်း ရွှေဘိုပကဖက ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲအပြီးမှာ စစ်အုပ်စုကလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ရမ်းသမ်းပစ်ခဲ့သလို ရွှေဘို-မန္တလေးလမ်းပိုင်း ဘုံးဘွတ်ရာထဲကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် အဲ့ဒီအနီးအနားကရွာတွေဖြစ်တဲ့ ဇီးတောရွာ၊ တဂဏန်းရွာ၊ စိုင်နိုင်ကြီးရွာ၊ စိုင်နိုင်လေးရွာ စတဲ့ကျေးရွာတွေကဒေသခံတွေဟာ ဘေးလွတ်ရာကိုတိမ်းရှောင်ထွက်ပြေးခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိမှာလည်း အခုချိန်ထိ စစ်အုပ်စုစစ်ကြောင်းရှိနေသေးတာကြောင့် လုံခြုံရေးနဲ့စစ်ရေးအခြေအနေတို့ကို မထုတ်ပြန်နိုင်သေးတာဖြစ်တယ်လို့ ရွှေဘိုမြို့နယ် ပကဖ က Burma VJကို ပြောပါတယ်။







Comments