top of page

ရွှေကူကနေ ဗန်းမော်ကိုတက်လာတဲ့ စစ်‌သ‌င်္ဘောတစ်စီးတိုက်ခိုက်ခံရပြီး နစ်မြုပ် (ရုပ်သံ)

Writer: BVJ
BVJ
6 days ago
1 min read

BVJ_စက်တင်ဘာ ၁၆၊ ၂၀၂၆

ကချင်ပြည်နယ်၊ရွှေကူမြို့ကနေ ဗန်းမော်မြို့ဘက်ကိုဆန်တက်လာတဲ့ စစ်သင်္ဘောတစ်စီးဟာ ဇင်းဘုံနဲ့စင်းခန်းတံတားအောက်ဘက်၊ စင်းခန်းတံတားအနီးမှာ KIAနဲ့ပူးပေါင်းတပ်တွေက ဒီနေ့ စက်တင်ဘာ ၁၆ရက်မနက်ပိုင်းမှာတိုက်ခိုက်ခဲ့တာကြောင့် နစ်မြှုပ်သွားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ရက်မနက်ပိုင်းကလည်း ဗန်းမော်ကစုန်ဆင်းလာတဲ့ စစ်‌သင်္ဘောတစ်စီးကို တော်လှန်ရေးပူပေါင်းတပ်တွေက ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့လို့နစ်မြုပ်သွားခဲ့ပါသေးတယ်။

ဗန်းမော်နဲ့ရွှေကူအကြား ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ စစ်အုပ်စုရဲ့ ရေယာဉ်တွေတိုက်ခိုက်ခံနေရပြီး ရေယာဉ်အကြီးအသေး စုစုပေါင်း (၁၇)စီးထက်မနည်း တိုက်ခိုက်ဖျက်ဆီးခံရထားတယ်လို့ သတင်းရရှိပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page