top of page

ဒါရိုက်တာရှင်ဒေဝီ နယ်စည်းမထားသတင်း​ထောက်များအဖွဲ့RSFရဲ့ သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ခံရ

  • Writer: BVJ
    BVJ
  • Nov 17
  • 1 min read

အေတီ/BVJ_ နိုဝင်ဘာ ၁၆၊ ၂၀၂၅

ree

သတင်းမှတ်တမ်းရိုက်ကူးသူ ဒါရိုက်တာရှင်ဒေဝီကို နယ်စည်းမထား သတင်းထောက်များအဖွဲ့-RSFက ၂၀၂၅ခုနှစ်အတွက် Press Freedom Independence award 2025 သတင်းလွတ်လပ်ခွင့်ဆုကို နိုဝင်ဘာ ၁၅ရက်နေ့က ချီးမြှင့်ခဲ့ပါတယ်။


ဆုပေးပွဲကို ပါရီမြို့မှာကျင်းပခဲ့ပြီး အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ ဒါရိုက်တာရှင်ဒေဝီကိုယ်စား စာရေးဆရာမ မသီတာစမ်းချောင်းက ဆုလက်ခံယူခဲ့ပါတယ်။


“ကျင်းပရာပါရီမှာ တက်ရောက်လက်ခံပေးခွင့်ရခဲ့ပါတယ်။ မြန်မာရဲ့သတင်းလွတ်လပ်ခွင့်အခြေအနေကို ခဏလေးပြောခွင့်ရခဲ့ပါတယ်။ တကယ့်ကို လှိုက်လှဲဝမ်းသာဂုဏ်ယူရပါတယ် ရှင်ဒေဝီရေ။ အမြန်ဆုံးလွတ်မြောက်လာပါစေလို့ ဆုတောင်းမေတ္တာလည်း ပို့သပါတယ်”တယ်လို့ စာရေးဆရာမ မသီတာစမ်းချောင်းက သူ့ရဲ့ဖေ့စ်ဘုခ်စာမျက်မှာပြောထားပါတယ်။
ree

စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကာကွယ် မြှင့်တင်မှုမှာ သိသာထင်ရှားတဲ့ ပံ့ပိုးကူ ညီမှုတွေပြုလုပ်ခဲ့တဲ့ ကမ္ဘာတစ်ဝှမ်းရှိ သတင်းထောက်တွေနဲ့ မီဒီယာအဖွဲ့အစည်းတွေ ကို အသိအမှတ်ပြုတဲ့အနေနဲ့ RSF အဖွဲ့က စာနယ်ဇင်းလွတ် လပ်ခွင့်ဆုတွေ နှစ်စဥ် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဆုရမှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနှစ်ခုနဲ့ စစ်ခုံရုံးက ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ ၁၀ရက်နေ့မှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပြီး ၂၀၂၅ခုနှစ် ဇန်နဝါရီ ၅ရက်နေ့မှာ ထောင်ဒဏ် ၁၅နှစ် ပြောင်းလဲပေးခဲ့ပါတယ်။


နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ မှတ်တမ်းရုပ်ရှင်ဆုတွေရရှိထားတဲ့ အသက် ၅၀အရွယ် ရှင်ဒေဝီဟာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၁၅ရက်က ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ အွန်လိုင်းကနေမှာယူထားတဲ့ ရိုက်ကူးရေးသုံးဒရုန်း သွားရောက်ယူချိန်မှာဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။


လွတ်လပ်တဲ့အာရှအသံ (RFA)မြန်မာဌာနကထုတ်လွှင့်ခဲ့တဲ့ မြန်မာ့သဘာဝပတ်ဝန်းကျင်နဲ့လူမှုဘဝတွေအကြောင်း ရှင်ဒေဝီရဲ့ဗီဒီယိုဆောင်းပါးကို အမေရိကန်အခြေစိုက် ဂရေစီဆုအဖွဲ့ကြီးက ၂၀၂၄ ခုနှစ်အတွက်အကောင်းဆုံးသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်သံသတင်းတင်ဆက်မှုဆုချီးမြှင့်ခဲ့သလို ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံတကာအမျိုးသမီးသတင်း မီဒီယာဖောင်ဒေးရှင်းကပေးအပ်တဲ့ Wallis Annenbergလို့ခေါ်တဲ့ အမျိုးသမီးသတင်းသမားဆုလည်းရရှိခဲ့ပါတယ်။


မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာသတင်းသမားအများဆုံးဖမ်းဆီးအကျဉ်းခံရတဲ့ နိုင်ငံထဲမှာပါဝင်နေပြီး သတင်းသမား ၅၁ ဦးဖမ်းဆီးခံထားရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးက နိုဝင် ဘာ ၂ ရက်ကသတင်းထုတ်ပြန်ထားပါတယ်။အာဏာသိမ်းစစ်တပ်အနေနဲ့ ပြုပြင်ပြောင်းလဲမှုကိုပြချင်တယ်ဆိုရင် ဖမ်းဆီးချူပ်နှောင်ထားတဲ့ သတင်းသမား (၅၁)ဦးကိုချက်ချင်းလွှတ်ပေးဖို နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)က တောင်းဆိုထားပါတယ်။


ဓာတ်ပုံခရက်ဒစ် ၊ မသီတာ- စမ်းချောင်း

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page