top of page

ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာကို သေဒဏ်ချဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ ရှေ့နေတွေကတောင်းဆို

  • Writer: BVJ
    BVJ
  • Oct 20
  • 1 min read

အေတီ/BVJ_အောက်တိုဘာ ၁၈၊ ၂၀၂၅

ree

‌အိန္ဒိယနိုင်ငံမှာနိုင်ရေးခိုလှုံနေတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကိုသေဒဏ်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရရှေ့နေတွေက တောင်းဆိုထားပါတယ်။၂၀၂၄ခုနှစ် ကျောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြပွဲမှာ လူ ၁၄၀၀ သေဆုံးခဲ့မှုအတွက် ရှိတ်ဟာဆီနာကို သေဒဏ်အခါ ၁,၄၀၀ပေးသင့်ကြောင်း ဘင်္ဂလားဒေ့ရှ် ရှေ့နေချုပ် တာဂျူးလ် အစ္စလာမ်ကပြောပါတယ်။


၂၀၂၄ခုနှစ် ဇူလိုင်လမှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၁၅နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ ရှိတ်ဟာဆီနာရာထူးက ဆင်းပေးခဲ့ရပြီးနောက် သြဂုတ်လ၅ရက်နေ့မှာ အိန္ဒိယကိုထွက်ပြေးခဲ့ရပါတယ်။


ရှိတ်ဟာဆီနာကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ တရားစွဲထားပေမယ့် ဟာဆီနာက အိန္ဒိယကနေ ဘင်္ဂလားဒေ့ရှ်မှာလာပြီး တရားရင်ဆိုင်ဖို့ ငြင်းဆိုထားပါတယ်။ ပေါက်ကြားလာတဲ့ အသံဖိုင်အရ သေစေနိုင်တဲ့ လက်နက်တွေ သုံးပြီး ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ လုံခြုံရေး တပ်ဖွဲ့တွေကို ရှိတ်ဟာဆီနာက အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။ ရှိတ်ဟာဆီနာဘက်ကတော့ အဲ့ဒီစွပ်စွဲချက်ကိုငြင်းဆိုထားပါတယ်။


ဟာဆီနာနဲ့အတူသူ့အစိုးရအဖွဲ့ရဲ့ ပြည်ထဲရေးဝန်ကြီးဟောင့် အစာဒူဇာမန် ခန်းကာမဲလ်၊ ရဲချုပ် အဗ္ဗဒူလာ အယ်လ်မာမွန်တို့လဲ ရုံးတင်တရားစွဲခံရတယ်။ ပြည်ထဲရေးဝန်ကြီးဟောင်း ခန်းကာမဲလ်ကိုလဲ သေဒဏ်ချမှတ်ဖို့ အစိုးရရှေ့နေတွေကတောင်းဆိုထားပါတယ်။


ဟာဆီနာကို တရားရုံး မထီမဲ့မြင်ပြုမှုနဲ့ ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပြီးဖြစ်ကာ အကျင့်ပျက်ခြစားမှု စွဲချက်မတွေနဲ့လည်း သီးခြားအမှုတွေရင်ဆိုင်နေရပါတယ်။ အသက် ၇၈နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာဟာ ၁၉၉၆ခုနှစ်ကနေ ၂၀၂၄ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်ပေါင်း၂၀ကြာအုပ်ချုပ်ခဲ့တဲ့သူဖြစ်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page